ဥပဒေချိုးဖောက်ဖူးတဲ့ ကမ္ဘာကျော်များ
ပုထုဇဉ်လူသားမှန်သမျှ အမှားဆိုတာ ဒွန်တွဲပါလာစမြဲပင် ဖြစ်ပါတယ်။
ဒါပေမယ့် မရည်ရွယ်ဘဲ ဖြစ်ခဲတဲ့အမှားနဲ့ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တဲ့အမှားပဲ
ကွာခြားမယ်ထင်ပါတယ်။ လက်နှီးသုတ်ဟာ ဆီစက်ပေနေတာ မသိသာပေမယ့် ပုဝါဖြူမှာ
ဆီစက်ပေခဲ့ရင် ရုပ်ဆိုးလှမယ်ထင်ပါတယ်။ ဒီနေ့ခေတ် ကမ္ဘာကျော်ဖြစ်နေတဲ့သူတွေဟာ
အရင်တုန်းက ဘယ်လိုတွေ တရားဥပဒေကို ချိုးဖောက်ခဲ့သလဲဆိုတာ နှောင်းလူတို့
ဗဟုသုတဖြစ်ဖွယ်ဖော်ပြလိုက်ပါတယ်။
ကျော်စိုးအောင် (အခရာ)
၁။ ဘရူနိုမားစ် (Bruno Mars)
ဘရူနိုမားစ်တစ်ယောက် ၂ဝ၁ဝတုန်းက ကိုကင်းလက်ဝယ်ထားရှိမှုနဲ့ အဖမ်းခံခဲ့ရပါသေးတယ်။ အပြစ်ရှိကြောင်း ထင်ရှားခဲ့တဲ့အတွက် ဒေါ်လာ၂ဝဝဝဒဏ်ငွေဆောင်ခဲ့ရပြီး မူးယစ်ဆေးဝါးအကြံပေးတွေရဲ့ သင်တန်းကို ပြီးမြောက်အောင် တက်ခဲ့ရပါသေးတယ်။၂။ ဝီလ်စမစ် (Will Smith)
ဝီလ်စမစ်တစ်ယောက်က လက်ရဲဇတ်ရဲနိုင်တဲ့သူဖြစ်ပါတယ်။ ၁၉၈၉ခုနှစ်တုန်းက သူဟာ လူတစ်ယောက်ကို ကန်းလုနီးပါးဖြစ်အောင် ရိုက်နှက်ခဲ့တဲ့အတွက် အမှုရင်ဆိုင်ခဲ့ရပါသေးတယ်။ ဒဏ်ငွေနဲ့ပဲ ပြီးမြောက်ခဲ့လို့ ထောင်မကျတာဖြစ်ပါတယ်။၃။ ဘီလ်ဂိတ် (Bill Gates)
ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ဘီလ်ဂိတ်ကတော့ စိတ်မြန်သူတစ်ယောက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၇၇ခုနှစ်မှာ မီးနီးဖြတ်ပြီး မောင်ရုံတင်မက ယာဉ်မောင်းလိုင်စင်မပါခဲ့လို့ အဖမ်းခံခဲ့ရပါသေးတယ်။ ၁၉၈၉ခုနှစ်တုန်းကလည်း အရက်မူးပြီး ကားမောင်းခဲ့လို့ ဒဏ်ငွေဆောင်ခဲ့ရပါတယ်။၎။ 50 Cent
Rapper ကြီး 50 Cent ကတော့ မူးယစ်ဆေးဝါးနဲ့ မကင်းတဲ့သူပါ။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၉၄ခုနှစ်တုန်းက ကိုးကင်းနဲ့ဘိန်းဖြူတွေကို လက်ဝယ်ထားရှိမှုနဲ့ Boot Camp အကျဉ်းထောင်မှာ ၆လနေခဲ့ရပါတယ်။ ၂ဝဝ၂ခုနှစ်မှာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ ထောင်ဒဏ်၂နှစ် ကျခဲ့ရပါတယ်။ အဆိုးတကာထိပ်ခေါင် Rapper ကြီးပါ။၅။ ဆယ်လ်မန်ခန်း (Salman Khan)
နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် လူပျိုကြီး ဆယ်လ်မန်ခန်းဟာ မကြာခဏတရားရုံးရောက်တဲ့သူပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ၂ဝဝ၆ခုနှစ်မှာ Chinkara ဒရယ်တွေကို ပစ်ခတ်မှုနဲ့ ထောင်ဒဏ်၁နှစ် ကျခဲ့ပါသေးတယ်။ ၂ဝ၁၅ခုနှစ်မေလတုန်းကလည်း ကားတိုက်မှုနဲ့ ထောင်ဒဏ်၅နှစ် ကျခဲ့ရပါတယ်။ အာမခံနဲ့နေထိုင်ရတာ ဖြစ်ပြီးတော့ ပက်စ်ပို့ကိုတော့ တရားရုံးက သိမ်းဆည်းထားပါတယ်။ နိုင်ငံရပ်ခြားခရီးထွက်ချင်ရင်တော့ အစိုးရရဲ့ခွင့်ပြုချက်မပါဘဲ သွားလို့မရပါဘူး။
ဆယ်လ်မန်ခန်း (Salman Khan)
ကဲ . . အတိတ်ကအမှားတွေကို ပြန်ပူဆွေးနေရင်တော့ နေစရာရှိမှာ မဟုတ်ပါဘူး။
နောင်အနာဂတ်မှာ အလားတူအမှားမျိုး ထပ်မမှားဖို့ပဲ လိုတာပါ။ ဘယ်တော့မှ
ပြန်ပြင်လို့မရတဲ့ အမှားမျိုးကို မကျူးလွန်ကြပါနဲ့လို့ သတိပေးလိုက်ရပါတယ်။ကျော်စိုးအောင် (အခရာ)






No comments: