လေးလောင်းပြိုင် လူသတ်မူ ရဲတပ်ဖွဲတုံ့ ပြန်ချက် မိသားစုထုတ်ပြန်မူအပြည့် အစုံ
လေးလောင်းပြိုင် လူသတ်မှု တရားခံ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် မိသားစု တုံ့ပြန်
↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔↔
By အိမမမွန်
1 July 2017
လေးလောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင် တွေရဲ့ ထုတ်ပြန်ချက်ဟာ သေဆုံးသူ မိသားစုဝင်ရဲ့ ဂုဏ် သိက္ခာကို ထိခိုက်စေတာကြောင့် အမှုမှန် ပေါ်ပေါက်ရေး ဖြေရှင်းပေးဖို့ ကျန်ရစ်သူ မိသားစုဝင်က တောင်းဆို လိုက်ပါတယ်။
လေးလောင်းပြိုင် လူသတ်မှာ အသတ်ခံခဲ့ရတဲ့ သေဆုံးသူ မချယ်ရီပွင့်ရဲ့ မိခင် ဒေါ်ရီရီနွဲ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက် အပေါ် အခုလို တုံ့ပြန် ပြောဆိုလိုက်တာပါ။
“အကြွေးတွေရှိတယ် ပြောတယ်။ ဒီလောက် ပိုက်ဆံလေးနဲ့ သိက္ခာချခံရတယ်။ ကလေးတွေကို ဒီလောက်ချစ်တဲ့ အဖေ ကိုယ့်ကလေးကို ပြန်သတ်မလား အန်တီ လုံးဝ မယုံပါဘူး။ သူတို့က သူတို့အလုပ် သူတို့လုပ်တာ ဆိုပေမယ့် ထုတ်ပြန်ချက်က မိသားစုဝင်တွေ အရမ်း ထိခိုက်တယ်။ ဟိုလူသုံးယောက်ကို မမိသေးဘဲ မစစ်သေးဘဲ ဒါကို မထုတ်ပြန်သင့်ပါဘူး” လို့ သေဆုံးသူ မချယ်ရီပွင့်ရဲ့ မိခင်က ပြောဆိုလိုက်တာပါ။
ပြီးခဲ့တဲ့ နှစ် ၂၀၁၆ ဩဂုတ်လက မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် မြအေးချမ်းသာ လမ်းကနေအိမ်မှာ မိသားစု လေးဦးလုံး အသတ်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားပြီး ၁၀ လ အကြာမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အမူနဲ့ ပတ်သတ်တဲ့ ဖြစ်စဉ်ကို ထုတ်ပြန်လိုက်တာပါ။
ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဒီအန်အေ စစ်ဆေးမူတွေ အရ သေဆုံးသူ မိသားစုဝင်တွေရဲ့ ဒီအန်အေ ကလွဲရင် အပြင်ကလူရဲ့ ဒီအန်အေ စစ်ချက် မတွေ့ကြောင်း၊ မိသားစုဝင်မှာ အကြွေးတွေ များနေကြောင်း၊ ဂမ္ဘီရ စာအုပ်တွေ ဖတ်ပြီး စိတ်လွတ်နေတယ်လို့ ယူဆကြောင်း၊ အိမ်ထောင်ဦးစီး ဖြစ်သူဟာ သားနှစ်ယောက်နဲ့ ဇနီးကို သတ်ပြီး မိမိ ကိုယ်ကိုယ် ထိုးသွင်းဒဏ်ရာ လေးချက်နဲ့ သတ်သေ လိုက်တာ ဖြစ်ကြောင်း စတာတွေ ပါဝင်ပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ စစ်ချက်တွေကို မိသားစုဝင်တွေက လုံးဝ အယုံကြည်မရှိဘဲ အမူမှန်ဖော်ထုတ်ပေးဖို့ တောင်းဆို လိုက်ပြီး ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက် အပေါ်လည်း ဝေဖန်မူတွေ မြင့်တက်ခဲ့ပါတယ်။
“မြန်မာနိင်ငံ ရဲတပ်ဖွဲ့က အရည်အချင်း အရမ်း ကျနေတယ်။ ဟိုလူသုံးယောက်ကို မမိသေးဘဲ ခုလို ထုတ်ပြန်တာ အရမ်းစောနေတယ် မထုတ်ပြန် သင့်သေးဘူး။ မိသားစုတွေကို ထိခိုက်တယ်။ အရင်ဆုံး မသင်္ကာစရာလူ ၃ ယောက်ဆိုတာကို မိမှ ထုတ်ပြန်ရမှာ” လို့ တရားလွှတ်တော် ရှေ့နေ့ ဦးကြီးမြင့်က သုံးသပ်ပါတယ်။
အခုလို မြန်မာနိင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး လူမူကွန်ရက် စာမျက်နှာတွေမှာလည်း ဝေဖန်ပြောဆိုမူတွေ မြင့်တက်ခဲ့ပြီး မိသားစုဝင်တွေ ကလည်း တရားဝင် ပြန်လည် ရှင်းလင်းဖို့ စီစဉ်နေပါတယ်။
DVB
No comments: