Yllix

မုန်​တိုင်း သတင်း

ဘင်္ဂလားပင်လယ်အော်မှာ 03B မုန်တိုင်းဖြစ်လာပါပြီ။
၁၀-၆-၂၀၁၇
ည(၈း၄၀)နာရီ

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းဟာ  ပိုမို အားကောင်း လာနေပြီး၊ ယနေ့ညနေပိုင်းတွင် မုန်တိုင်းငယ်တစ်ခု  အဖြစ်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိ အများဆုံးလေတိုက်နှုန်းမှာ 35 mph ခန့်ရှီပါတယ်။

မုန်တိုင်းငယ်ဟာ မြောက်အရှေ့စူးစူး (North-northeastwards) သို့ဦးတည်ရွေ့လျှားနိုင်ပြီး၊ (၁၂-၆-၂၀၁၇)ရက် နံနက်ပိုင်းတွင် အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အနီး ကမ်းခြေကို ဖြတ်ကျော်ဝင် ရောက်မယ်လို့ခန့်မှန်းရပါတယ်။ အများဆုံးလေတိုက်နှုန်း တစ်နာရီမိုင်(၄၀)ခန့်နှုန်းကို (၁၁-၆-၂၀၁၇)ရက် ညနေပိုင်းမှာ စတင်တိုက် ခတ်နိုင်ပါတယ်။

ဒေါက်တာထွန်းလွင်


No comments:

Powered by Blogger.