Yllix

သာသနာသနိ့ရှင်းရေးစီမံချက် အကြောင်းအပြည့်အစုံသိခြင်ရင်

ာ့ အသံကောင်းပါပြီလုပ်ပါ သာသနာတော်အတွက် ဖြစ်သင့်ပါတယ်၊ဒါပေမယ့် ခင်ဗျားတို့ပြောနေတဲ့ လူနည်းစု ဘင်္ဂလီ မွတ်စလင်ကုလားနဲ့ဆိုင်တာကျ ဘာလုပ်မယ် ညာလုပ်မယ်လို့ ဘာလို့မပြောတာလဲ..ဗလီတွေ အာရဗီစာသင်ကျောင်း စည်းကမ်းဥပဒေနဲ့ညီမညီ တရားဝင်ဆောက်ထားခြင်း ဟုတ်မဟုတ် စစ်ဆေးမယ်ဆိုတဲ့အစီအစဉ် ဘာလို့မပါရတာလဲ တရားမ၀င် ခိုးဆောက်နေတဲ့ ဗလီတွေ စာသင်ကျောင်းတွေအတွက် သာဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူမယ် အစီအစဉ်အကြောင်းဘာလို့မပါရတာလဲ..ကုလားကာအစိုးရရဲ့ ကုလားကာဝန်ကြီး..သာသနာတော် သန့်ရှင်းရေး ဆောင်ရွက်တော့မယ်==============သာသနာ မသန့်ရှင်းရင် သာသနာတော်ကြီးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး သူရ ဦးအောင်ကို ပြောဗုဒ္ဓဘာသာ သာသနာတော် သန့်ရှင်းရေး ဆောင်ရွက်ဖို့ စီမံချက်တွေ ရေးဆွဲနေပြီလို့သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။သာသနာတော် သန့်ရှင်းရေး လုပ်ဖို့သင့်ပြီဆိုတဲ့ အကြံပေးချက်တွေ ရရှိထားတဲ့ အတွက် အဲဒီ အကြံပြု ချက်တွေကို အကောင်အထည်ဖော်ဖို့ စီမံချက်တွေ ရေးနေပြီ ဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကိုက ဇွန်လ ၂၇ရက်နေ့က လွှတ်တော်ကို လာရောက်စဉ် သတင်းထောက်တွေကို ပြောကြားသွားတာပါ။သာသနာတော်ကြီး အရှည် တည်တံ့နေပေမယ့် မသန့်ရှင်းဘူး ဆိုရင် သာသနာတော်ကြီးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမှာဖြစ်ကြောင်း၊ ဒါ့ကြောင့် သာသနာ သန့်ရှင်းရေးကိုမဝေးတော့တဲ့ အနာဂါတ်မှာ လုပ်နိုင်ဖို့ သာသနာရေး ဝန်ကြီးဌာနအနေနဲ့ လိုအပ်တဲ့ ကိန်းဂဏန်း၊ စာရင်းဇယားတွေ ပြုစုပြီး စီမံချက် ရေးဆွဲနိုင်ဖို့စတင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ဝန်ကြီး သူရ ဦးအောင်ကိုက ပြောပါတယ်။သာသနာတော် သန့်ရှင်းအောင် ဆောင်ရွက်ဖို့အတွက် လက်ရှိ သံဃာတော်တွေထဲမှာ ဝတ်နည်းနဲ့ မညီတဲ့သူတွေကို အရေးယူသွားမယ်လို့လည်း သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဇာနည်မင်းက ပြောပါတယ်။ဥပမာအားဖြင့် လူစည်ကားရာ နေရာမှာ အလှူခံတဲ့ ရဟန်းတွေ၊ အရက်သေစာ သောက်စားတဲ့ ရဟန်းတွေ၊ ဆိုင်ကယ်၊ ကား မောင်းတဲ့ ရဟန်းတွေ၊ အိမ်ထောင် သားမွေး လုပ်နေတဲ့ ရဟန်းတွေကို သာသနာ ညှိုးနွမ်းစေမှုနဲ့ ဖေါ်ထုတ် ဖမ်းဆီးသွားမယ်လို့ ဆိုပါတယ်။ဒါ့အပြင် ဝတ်နည်းတော်နဲ့ မညီတဲ့ လုပ်ရပ်တွေ လုပ်နေတဲ့ အစွန်းရောက် ရဟန်းတွေကိုလည်းဥပဒေနဲ့ အညီ ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဇာနည်မင်းက ပြောပါတယ်။သာသနာရေး ဝန်ကြီးဌာန အနေနဲ့ သာသနာတော် သန့်ရှင်းရေး ကနဦး ဆောင်ရွက်ချက် အနေနဲ့ ကျိုက်ထီးရိုး ဘုရားမှာ ဆောင်ရွက်ခဲ့ပါတယ်။အခုအခါ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မကြာခင် ဆောင်ရွက်နိုင်ဖို့အတွက် အခုလို စီမံချက် ရေးဆွဲနေတာ ဖြစ်ပါတယ်။BBC Burmese

No comments:

Powered by Blogger.