မြန်မာ့တပ်မတော်ရဲ့ တိုးတက်မူတွေ
အမျိုးတို့ ရေအိမ်နီးချင်းတွေလန့် နေကြပီ
ဘင်္ဂလားနှင့် ယိုးဒယားတို့ စောင့်ကြည့်လာသည့် တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်၏ ရုရှားခရီးစဉ်
=====================================
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
အနေဖြင့် ယခုအခါတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင်
ချစ်ကြည်ရေး ခရီးရောက်ရှိနေပြီး ရုရှားနိုင်ငံအတွင်းရှိ တင့်သံချပ်ကာ
တပ်ရင်းများ လေတပ်စခန်းများ ရေတပ်စခန်းများကိုလေ့လာ
လျက်ရှိပါသည် ။
ထိုခရီးစဉ်အတွင်း ကာချုပ်ကြီးသည် SU အတန်းစား လေယာဉ်များကိုဝယ်ယူမည်ဟု အတိအကျ သတင်းမထွက်ပေါ်
သော်လည်း ထိုလေယာဉ်များကို မောင်းနှင်ရန် မြန်မာ့တပ်မတော်
လေ မှသင်တန်းသားများ စေလွှတ်ရန်ဆွေးနွေးခဲ့သည် ဟုသတင်း
ထုတ်ပြန်ခဲ့သဖြင့် ဘကုန်းနှင့် ယိုးဒယား စစ်လက်နက် page များတွင်အတော်ဂယက်ရိုက်သွားခဲ့ပါသည် ။
BD defence review page တွင် မြန်မာ့လေတပ်
အနေဖြင့် SU အတန်းအစား တိုက်လေယာဉ်များသာ
ပိုင်ဆိုင်သွားပါက မိမိတို့အတွက်ခြိမ်းခြောက်မှု တစ်ရပ်ဖြစ်ကြောင်း
နှင့် ဘင်္ဂလားအစိုးရအနေဖြင့်လည် တရုပ်လုပ် FC 20 တိုက်လေယာဉ်များကိုဝယ်ယူမည့်အစား SU အမျိုးအစား
တိုက်လေယာဉ်များကို ဝယ်ယူသင့်ကြောင်း တိုက်တွန်းထား
သည်ကိုတွေ့ရပါသည် ။
ယိုးဒယားတို့၏ စစ်ရေးဆိုင်ရာ လေ့လာသူများ၏ post များ
တွင်လည်း မြန်မာ့လေတပ်သည် SU အမျိုးစား တိုက်လေယာဉ်များ
သာပိုင်ဆိုင်လာခဲ့ပါက မိမိတို့အတွက် အထူးသတိထားရတော့မည်
ဖြစ်ကြောင်း ရေးသားလာကြသည်ကို တွေ့ရပါသည် ။
ကာချုပ်ကြီး အနေဖြင့်လည်း ယခင်နှစ်သတင်းစာရှင်းလင်းပွဲတွင် တန်းမြင့်အမျိုးအစား တိုက်လေယာဉ်များကို ဝယ်ယူမည်ဟု အတိအလင်း ပြောထားသည့်အတွက် မြန်မာ့လေတပ်တွင် SU များကို မြင်တွေ့လာရနိုင်သည်ဟု မျှော်လင့်ရပါသည် ။
မည်သို့ပင်ဆိုစေကာမူ မြန်မာ့လေတပ်အနေဖြင့် JF 17 များဝယ်ယူခဲ့သဖြင့် အထင်အမြင်သေးကာ လှောင်ပြောင်နေကြသော ဘကုန်းနှင့်ယိုးဒယား တို့အား psycho war တစ်ခု ထည့်ပေး
နိုင်ခဲ့သည့် ကာချုပ်ကြီး၏ ရုရှားခရီးစဉ်အတွက် အထူးပင်
ကျေနပ်မိပါသည် ။
မူရင်း-Thu
(ကူးယူဖော်ပြထားပါသည်)
No comments: