Yllix

အရွယ်မရောက်ပေမဲ့ ဘာလုပ်နေကြလည်းဆိုတာ ကြည့်ကြပါဦး

ခေတ်
###

အရွယ်မရောက်
အပျိုပေါက်
လင်နောက်လိုက်တဲ့ခေတ်

ကျောင်းသားဆရာမ
စာသင်ပြ ချစ်ကြိုက်​နေတဲ့ခေတ်

ဆုံးမအသံ
မနာခံ
ပြန်လှန်ပြောတဲ့ခေတ်

မိန်းမ.ယောကျာ်း
သွင်မပြား
ခွဲခြားမရတဲ့ခေတ်

ကိုယ်ကပ်.လည်ဟိုက်
ဝတ်ဆင်ခိုက်
စိတ်မိုက်ဝင်တဲ့ခေတ်

ဥပုသ်သည်များ
ကျောင်းကိုသွား
ပါဝါကြွားတဲ့ခေတ်

တရားသဘော
ဘယ်လိုဟော
အတင်းပြောတဲ့ခေတ်

ဘုန်းကြီးများထံ
သီလခံ
ဆူညံနေတဲ့ခေတ်

စာပေဖတ်လဲ
ခနပဲ
ခေါင်းထဲမထားတဲ့ခေတ်


#စာဆိုရှင်မသိ
ဆန်း မင်း ထွန်း
#ဇော်လှိုင်းထက် {တကောင်းသား}

No comments:

Powered by Blogger.