Yllix

တပ်မတော်က TNLA စစ်စခန်းကိုသိမ်ပိုက်

တပ်မတော်စစ်ကြောင်းများက TNLA အကြမ်းဖက်သောင်းကျန်းသူများ၏ လေကျင့်ရေးဆောင်ရွက်သည့် စခန်းပုန်းနှင့် လက်နက်/ခဲယမ်းများအား  သိမ်းပိုက်ရရှိ

နေပြည်တော်၊ ဇွန် ၂၇

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နမ့်ဆန်မြို့နယ်၊ မန်လန်းကျေးရွာအနီးတစ်ဝိုက် တောတွင်းတစ်နေရာ၌ TNLA အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရန် သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်းသတင်းအရ တပ်မတော်စစ်ကြောင်းများက ၎င်းနေရာတစ်ဝိုက်အား ဇွန် ၂၀ ရက်မှစတင်၍ အသေးစိတ်ဖြန့်ခွဲ နယ်မြေသွားရောက်ရှင်းလင်းခြင်းများ လုပ်ဆောင်ခဲ့ရာ ဇွန် ၂၁ ရက် နံနက် ၈ နာရီခန့်တွင် မန်လန်းကျေးရွာခန့်မှန်းမြေပုံညွှန်း (LF- ၂၆၀ ၄၀၂)၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ၌ TNLA အကြမ်းဖက်သောင်းကျန်းသူများ၏ လေ့ကျင့်ရေးဆောင်ရွက်သည့် စခန်းပုန်းတစ်ခုကို ရှာဖွေတွေ့ရှိရှင်းလင်းခဲ့သည်။

အဆိုပါစခန်းပုန်းနေရာ၌ အခြေခံအဆောက်အဦများဖြစ်သည့် ပေ ၄၀ ပတ်လည်ခန့်ရှိ တန်းစီကွင်း၊ သင်တန်းခန်းမဆောင် ၁ ဆောင်၊ ၎င်းခန်းမဆောင်အတွင်းမှ  ၃ ဦးထိုင် ခုံတန်းရှည် ၁၂ လုံး၊ အိပ်ဆောင် ၃ လုံး၊ ထမင်းချက်ဆောင် ၁ လုံးနှင့် ထမင်းစားဆောင် ၁ လုံး၊ စုစုပေါင်းအဆောက်အဦ ၆ လုံးနှင့် မီးစက် ၁ လုံး၊ ဒီတိုနေတာ ၁၂ ချောင်း၊ ပေ ၁၀၀ ခန့်ရှိ ၀ါယာကြိုးခွေ ၁ ခွေ၊ TNLA ဘက်တံဆိပ်ပါ ယူနီဖောင်း အစုံ ၄၀ ၊ အစိမ်းရောင်စောင် အထည် ၂၀ ၊ ဂလူးကို့စ်အားသွင်းဆေးရည် အလုံး ၅၀ ၊  ဆေးမျိုးစုံဆာလာအိတ် ၂ အိတ်နှင့် ဆန်အိတ်များ၊ စားသောက်ဖွယ်ရာများကို သိမ်းဆည်းရမိခဲ့ပြီး ထပ်မံရှင်းလင်းစဉ် စခန်းဝန်းကျင် တစ်ဝိုက်နှင့် အဆောက်အဦများအကြားမှ ၄ လက်မသံပိုက်ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရ တိုက်မိုင်း ၅ လုံး၊ ၈ လက်မသံပိုက်ဖြင့်ပြုလုပ်ထားသည့် ဒေသန္တရတိုက်မိုင်း ၁ လုံးနှင့် ၅ ဂါလံဝင် ပလပ်စတစ်ပုံးဖြင့်ပြုလုပ် ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၄ လုံးတို့ကို တွေ့ရှိရှင်းလင်းသက်မဲ့ ပြုလုပ်နိုင်ခဲ့သည်။

အလားတူ ဇွန် ၂၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ၎င်းစခန်းပုန်း၏ အရှေ့ဘက်နှင့် အရှေ့တောင်ဘက် လျှိုစောင်းခြုံအတွင်းမှ ဒေသန္တရလက်လုပ်မိုင်း ၁၃ လုံးနှင့် အလျား ၄လက်မ၊ အနံ ၄ လက်မ၊ အမြင့် ၆ လက်မခန့်ရှိ လေးထောင့်သံပုံးဖြင့်ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၄ လုံးတို့ကို ရှာဖွေတွေ့ရှိ ရှင်းလင်းခဲ့ပြီးနောက် ဇွန် ၂၆ ရက်အထိ ဖြန့်ခွဲရှင်းလင်းခဲ့ရာ ခန့်မှန်းမြေပုံညွှန်း(LF- ၂၇၀ ၄၁၀) နေရာမှ ခန့်မှန်းမြေပုံညွှန်း (LF- ၂၇၇ ၄၂၄) နေရာအကြား ထိတွေ့မှု ၆ ကြိမ် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် TNLA အကြမ်းဖက်သောင်းကျန်းသူများသည် အနောက်ဘက်နှင့် အနောက်မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်တွင် မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရကာ အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၄ လောင်း၊ အမ် ၂၂ သေနတ် ၁၂ လက်၊ စက်လက် ၁ လက်၊ ကေ ၁၂ သေနတ် ၁ လက်၊ အမ် ၂၂ ဒင်ခေါက် သေနတ် ၁ လက်၊ RPG ဒုံးသီး ၂၆ လုံး၊ ၆၀ မမ ဗုံးသီး ၁၁ လုံး၊ အမ် ၂၂ ကျည်အိမ် ၁၄ ခု၊ ၎င်းကျည် ၈၀၀ တောင့်၊ စနိုက်ပါကျည်အိမ် ၃ ခု၊ စာရွက်စာတမ်း မျိုးစုံဆာလာအိတ် ၂ ထုပ်နှင့် စစ်ဝတ်ပစ္စည်းမျိုးစုံဆာလာအိတ် ၁ ထုပ် တို့ကို တွေ့ရှိ သိမ်းဆည်းရရှိခဲ့သည်။

၎င်းနေရာပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက် လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Powered by Blogger.