ပုဒ်မ ၆၆ ဃ ဖျက်သိမ်းဖို့ ပြည်တွင်းပြည်ပ ၆၁ ဖွဲ့ တောင်းဆို
ပုဒ်မ ၆၆ ဃ ဖျက်သိမ်းဖို့ ပြည်တွင်းပြည်ပ ၆၁ ဖွဲ့ တောင်းဆို
~~~~~~~~~~~~
■ ၂ဝ၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေပုဒ်မကို ပြင်ဆင်ရာမှာ အသရေဖျက်မှုမြောက်တဲ့ ပုဒ်မ ၆၆-ဃ ကို ဖျက်သိမ်းပေးဖို့ မြန်မာ့အရေးလုပ်ဆောင်နေတဲ့ ပြည်တွင်းပြည်ပ အဖွဲ့အစည်း ၆၁ ဖွဲ့က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
မြန်မာ အာဏာပိုင်တွေအနေနဲ့ ၂ဝ၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ဖို့သုံးသပ်ရာမှာ အသရေဖျက်မှုနဲ့ ပတ်သက်တဲ့ ၆၆-ဃ ပုဒ်မခွဲကို ဆက်ပြီးထားရှိဖို့ သဘောထားရှိကြောင်း သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန အပါအဝင် အာဏာပိုင်တွေနဲ့လွှတ်တော်ကို အခုလို တောင်းဆိုတာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
၆၆-ဃ ပုဒ်မရဲ့ အဓိပ္ပာယ်ဖော်ပြချက်ဟာ တိကျမှုမရှိတဲ့အတွက် ဥပဒေကို အလွဲသုံးစေနိုင်တဲ့ အခြေအနေတွေ ရှိနေကြောင်း၊ အသရေဖျက်မှုကို ပြစ်မှုအဖြစ် ပြဋ္ဌာန်းဖို့မသင့်ကြောင်း၊ အသရေဖျက်မှုမြောက်ခဲ့ရင်လည်း တခြားနည်းလမ်းတွေနဲ့ အဖြေရှာသင့်ကြောင်း ကြေညာချက်မှာ တိုက်တွန်းဖော်ပြထားပါတယ်။
ဒီ ၆၁ ဖွဲ့မှာ အမေရိကန်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW၊ ဗြိတိန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI၊ ပြင်သစ်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ IB နဲ့၊ ဆွီဒင်အခြေစိုက် ဆွီဒင်မြန်မာ့ အရေးကော်မတီ SBC တို့လည်း ပါဝင်ပါတယ်။ လောလောဆယ် ဆက်သွယ်ရေးဥပဒေ ၆၆ ဃ ပုဒ်မနဲ့ တရားစွဲဆိုထားတဲ့ အမှုပေါင်း ၇၁ မှုရှိတယ်လို့ သိရပါတယ်။
No comments: