နှစ်ဖက်လုံးမှန်တယ် ဘာများပါလိမ့်
အမှန်က
ရေမဆေးအလုပ်သမားတွေဟာ တရားဝင်အလုပ်သမားတွေမဟုတ်ပါဘူး
ကုမ္ပဏီရဲ့ လုပ်ကွက်ထဲကို ဝင်ပြီး ကျူးကျော်လုပ်ကြတာ
ဘာအလုပ်သမားလိုင်စင်မှရှိတာမဟုတ်ဘူး
ဖားကန့်ဖက်ကိုမရောက်ဖူးပေမဲ့ ရမည်းသင်း ရွှေတော မိုးထိမိုးမိမှာတော့ တစ်လလောက် မိသားစုအလုပ်ကိစ္စနဲ့သွားနေဖူးတယ် အာ့မှာ ဖားကန့်ကလာကြတဲ့သူတွေလည်းအများကြီးရှိတယ်။သိခဲ့ရင်နှီးခဲ့ဖူးတယ်။
ပြောချင်တာက အဲဒီနေရာတွေမှာက အများဆုံးက စရိုက်တွေများတယ် အစိုးရက အဲဒီနေရာတွေကို အမဲရောင်နေမြေုဖစ်သတ်မှတ်ထားတာ။
တရားဥပဒေစိုးမိုးမှုနည်းသလို အကြမ်းဖက်မှုတွေကလည်း နေ့စဉ်ရက်ဆက်ဆိုသလိုရှိတယ် ခုမှ Facebook လေးပေါ်လာလို့ သတင်းတွေကိုအချိန်နဲ့တပြေးညီသိနေရပေမဲ့ အရင်ကဒီလိုရဲနဲ့ မဖြစ်ပဲ အချင်းချင်း စားကွက်လုပြီးသတ်လို့သေခဲ့ကြတာမနည်းဘူး အားလုံးနီ်းပါးက ကျော်ဖို့ခွဖို့နဲ့ ငွေအလွယ်တကူရဖို့လောက်ပဲစိတ်ကူးထဲရှိကြတာ။
တရားဥပဒေဆိုတာကြောက်ရကောင်းမှန်းသိကြတာမဟုတ်ဘူး။
ကြောက်ရလောက်အောင်လည်း ရဲအင်အားကအပြည့်အဝ မရှိဘူး ရေမဆေးကျောက် သမားတွေလက်ထဲမှာ အချိန်ပြည့်လိုလို လူကိုသေစေနှိုင်တဲ့ လက်နက်တွေရှိတယ်။
ကုမ္ပဏီ ဝင်းထဲတွေကို ညဖက်ညဖက်တွေဆို အုပ်စုလိုက်ဝင်ဝင်စီးတတ်လို့ သူဌေးတွေက ညစောင့်တွေကို ဒါးတွေပေးကိုင်ထားရတယ်။ လူတစ်ယောက်သတ်ပစ်လိုက်ဖို့ဝန်မလေးတတ်ကြတဲ့သူတွေများတယ်။
ပြသာနာဖြစ်လာပြီဆိုလည်းအုပ်စုလိုက်ရမ်းကားတတ်ကြတယ် လူသေရင်အလောင်းဖျောက်တယ်။ရဲလောက်တော့ရှိတယ်ကိုမထင်ကြတာ။
ခုဖြစ်တဲ့ပြသာနာမှာ ဒီရဲကိုမှန်တယ်လို့ပြောတာမဟုတ်ဘူး သူ့ပုံစံကိုကြည့်ရတာ ယူကြုံး မရဖြစ်နေတဲ့ပုံမျိုး။ရည်ရွယ်ချက်ရှိရှိ ပစ်သတ်လိုက်တဲ့ပုံမျိုးမဟုတ်ဘူး သူလည်းဥပဒေအကြောင်းသိနေတဲ့ရဲတစ်ယောက်ပဲ ဒီလိုအချိန်မျိုးမှာ ဒီလိုပြသာနာဖြစ်ရင် ဘယ်လိုအမှုရင်ဆိုင်ရမယ်ဆိုတာကို ကိုယ်တွေထက်ပိုနားလည်မှာပေါ့ သူလည်းမတတ်သာလို့ ဖြစ်သွားတဲ့သဘောထင်ပါတယ်။
ခုဖြစ်တဲ့ပြသာနာကလည်း ကုမ္ပဏီ လုပ်ကွက်ထဲကို ရေမဆေးကျောက်သမတွေကို ဝင်ခွင့်ပေးတဲ့အချိန် မကျသေးခင် သူတို့က ဇွတ်ဝင်လို့လုံခြုံရေး လုပ်နေတဲ့ရဲတွေက တားတာကို လက်မခံပဲ အုပ်စုဖွဲ့ ရမ်းကားပြီး လူကိုပါရန်ရှာလို့ ဖြစ်သွားတာလို့ သိရပါတယ်။ ဒီလို သေနတ်ကိုင်ထားတဲ့ ရဲကို ဘယ်သူက အန္တရာယ် ပေးရဲမှာလည်းလို့ ခင်ဗျားမတွေးနဲ့ဗျ။
အဲဒီနေရာတွေကို ခင်ဗျားရောက်ဖူးတဲ့အခါ ကျုပ်စကားမှန်ကြောင်းသိပါလိမ့်မယ်ဗျာ။
ဘယ်သူက အကြောင်းမဲ့လူသတ်ချင်ပါ့မလဲဗျာ သူ့နေရာဝင်စဉ်းစားကြည့်ကြပေါ့။လူလည်းခုအဖမ်းခံထားရပါပြီ ဥပဒေအတိုင်းဆက်ဖြစ်သွားမှာပါ ဖောင်းမထုကြပါနဲ့တော့။
တစ်ခုပြောချင်တာကတော့
အစိုးရ လူကြီးတွေ အနေနဲ့ မြန်မာပြည်ရဲ့ ဒီလိုနေရာတွေကို စနစ်တကျနဲ့ တရားဝင်ဖြစ်အောင် ကိုင်တွယ်သင့်ပြီး လုံခြုံရေးဝန်ထမ်းအင်အားကို အပြည့်အဝချထားပေးသင့်ပါတယ်။ ဒီအတိုင်းဆက်သွားနေလို့ကတော့ ဒီလိုအမှုမျိုးတွေထပ်ပေါ်လာအုံးမှာက မလွဲမသွယ်ပါပဲဗျာ
Khant Zaw
No comments: