သသနာ့အလံကို မလျော်ကန် သုံးရင် အရေးယူမည်။
သာသနာ့အလံ မသင့်လျော်တဲ့နေရာမှာသုံးရင် အရေးယူမည်
~~~~~~~~~~~~
■ သာသနာ့အလံကို မသင့်လျော်တဲ့နေရာတွေမှာ အသုံးပြုရင် ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ထုတ်ပြန်တာဖြစ်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်း က ပြောပါတယ်။
လက်ရှိမှာ တချို့ရဟန်းသာမဏေ၊ သီလရှင်နဲ့၊ လူပုဂ္ဂိုလ်တွေဟာ သာသနာ့အလံကို နိုင်ငံတော်အဆင့် သံဃာ့ အဖွဲ့အစည်းတွေ က သတ်မှတ်ပြဋ္ဌာန်းထားတဲ့အတိုင်း အသုံးမပြုဘဲ၊ နိုင်ငံရေး လူမှုရေး လောကီရေးရာတွေမှာ တလွဲသုံးနေတာတွေ တွေ့ရတဲ့ အတွက်.. ဒီပုဂ္ဂိုလ်တွေအနေနဲ့ သာသနာ့အလံကို သတိပြုဆင်ခြင်သင့်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
သာသနာ့အလံကို ဘာသာရေး၊ သာသနာရေးနဲ့ဆိုင်တဲ့ နေ့ထူး နေ့မြတ်တွေ၊ ပွဲတော်တွေနဲ့ အခမ်းအနားတွေမှာသာ သုံးစွဲနိုင် တယ်ဆိုပြီး သံဃာ့နာယကလက်စွဲမှာ သတ်မှတ် ပြဋ္ဌာန်းထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီပြဋ္ဌာန်းချက်တွေဟာ နိုင်ငံတော်အဆင့် သံဃာ့ အဖွဲ့အစည်းကြီးက ထုတ်ပြန်ထားတာဖြစ်တဲ့အတွက် သံဃာတွေ သီလရှင်တွေ အားလုံး လိုက်နာကြဖို့နဲ့၊ မလိုက်နာရင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေနဲ့အညီ အရေးယူခံရမှာ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။
ရဟန်း သာမဏေတွေအပြင် လူပုဂ္ဂိုလ်တွေအနေနဲ့လည်း ဘာသာသာသနာဆိုင်ရာ အထွဋ်အမြတ်ထားတဲ့ပစ္စည်းကို တလွဲသုံးစွဲရင် အဲဒီဘာသာသာသနာကို ညှိုးနွမ်းအောင်ပြုလုပ်တာ ဖြစ်တဲ့အတွက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၉၅ နဲ့ ငြိစွန်းတဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
No comments: