Yllix

ROYAL STAR( KTV )တွင် ခိုက်ရန်ဖြစ်ပွားရာမှ အမျိုးသားတစ်ဦး သေဆုံး

ROYAL STAR( KTV )တွင် ခိုက်ရန်ဖြစ်ပွားရာမှ
အမျိုးသားတစ်ဦး သေဆုံး

ပြည် ဇွန်လ( ၂၉)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ န၀ဒေးရပ်ကွက်၊
ကုန်တင်ကုန်ချဝင်းရှိ ROYAL STAR(KTV )ဆိုင်တွင်ခိုက်
ရန်ဖြစ်ပွားရာမှ အမျိုးသားတစ်ဦး ဓါးထိုးခံရ၍ သေဆုံးခဲ့
ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇွန်လ(၂၈)ရက်နေ့ ည(၁၁)နာရီ(၁၅)အချိန်ခန့်
ပြည်မြို့၊ န၀ဒေးရပ်ကွက်၊ ကုန်တင်ကုန်ချဝင်းရှိ ROYA
STAR ( KTV)သို့ ဇာနည်ထွန်း(ခ) အာကြီး၊ သော်ဇင်ေ
အာင်၊ နိုင်းဝေယံ တို့သည် သီချင်းဆိုရန် ရောက်ရှိလာပြီး
ဆိုင်ရှိဧည့်ကြိုများနှင့် KTV အခန်းကိစ္စစကားပြောရာမှအ
ဆင်မပြေဖြစ်ကြကာ ဇာနည်ထွန်း(ခ)အာကြီး သည် ဧည့်
ကြိုများအား လိုက်လံထိုးကြိတ်ရာမှ ရန်ဖြစ်ခဲ့ကြသည်ဆို၏။

ထိုသို့ရန်ဖြစ်ရာဆိုင်ရှိ ဧည့်ကြိုလက်ထောက်ခေါင်းဆောင်
စိုင်းလူ ခေါင်းဆောင်သော ဧည့်ကြို(၁၅)ဦးခန့်မှ ၄င်းတို့အား
ဝိုင်းဝန်းထိုးကြိတ်၊ တုတ်ဖြင့်ရိုက်၊ ဓါးမြောင်ဖြင့်ထိုးခဲ့သဖြင့်
ဇာနည်ထွန်း (ခ)အာကြီး တွင် ယာဘက်ရင်အုံတွင် (၁)လ
က်မခန့် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဦးခေါင်းထိပ်ယာဘက်
တွင် (၂)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်တို့ဖြင့် အခင်းဖြစ်
နေရာတွင် သေဆုံးခဲ့ကြောင်း ပြည်မြို့မရဲစခန်းမှသိရသည်။

ထို့နောက် သော်ဇင်အောင်တွင် ယာဘက်ရင်ခေါင်း(၁)
လက်မခန့်ထိုးသွင်း ဒဏ်ရာ(၁)ချက်၊ ယာဘက်နံဘေး
(၁)လက်မခန့် ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် နိုင်းဝေယံတွင်
ယာဘက်ဂျိုဟောင်း (၁)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်၊
ယာဘက်နံဘေး(၁)လက်မခန့် ထိုးသွင်းဒဏ်ရာ(၁)ချက်အ
သီးသီး ဒဏ်ရာများရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရဟုသိရ
သည်။

ထို့ကြောင့် ဇာနည်ထွန်း (ခ) အာကြီး ၏ မိခင်ဖြစ်သူ ဒေါ်
သန်းသန်းဌေး မှ စိုင်းလူပါ ဧည့်ကြို(၁၅)ဦးခန့်အား စုံစမ်း
ဖော်ထုတ်အရေးယူပေးပါရန် ပြည်မြို့မရဲစခန်းသို့လာရော
က်တိုင်ကြားခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်မြို့မရဲစခန်း(ပ) ၁၂၉၆ /၂၀၁၇ ၊
ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂/၃၂၆/၃၂၄/၃၂၃/၁၁၄ ဖြင့်
အမှုဖွင့်အရေးယူဆောင်ရွက် ထားရှိကာ အမှုအား ပြည်မြို့
မရဲစခန်းမှူး ဒုရဲမှူးတင်ကိုမှ လက်ခံစစ်ဆေးပြီး KTVရှိဧည့်
ကြိုများနှင့်အခြားဝန်ထမ်းများအား ပြည်မြို့မရဲစခန်းတွင် စစ်
ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါအခင်းဖြစ်ပွားမှု cctv ဗီဒီယိုမှတ်တမ်းများ
online ပေါ်တွင် ပျံနှံလျှက်ရှိကြောင်း တွေ့ရပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်သတင်း

No comments:

Powered by Blogger.