ဖုန်းကောင်းကောင်းကိုင်မယ်ဆိုရင် ဒါလေးတွေတော့ သိဖို့လိုမယ်နော်။
မိုဘိုင်းဖုန်းသုံးသူတိုင်း သိထားသင့်တဲ့ အသုံးဝင်ဆုံး နည်းလမ်းလေးများ
==================
==================
ဖုန်းတော့သုံးနေတာပဲ။ ကိုယ်သုံးနေတဲ့ဖုန်းက ဒီလိုလေးတွေ လုပ်လို့ရတယ်ဆိုရင်ရော။
ဇစ်ပါတဲ့အိတ်အကြည်
ကိုယ့်ဖုန်းကို ရေစိုခံချင်တယ်ဆိုရင် ဇစ်အိတ် အကြည်တစ်လုံးရှိရင်ရပါပြီ။
ဖုန်းကို အိတ်ထဲထည့်လိုက်ရင် ရေချိုးရင်း သီချင်းနားထောင်တာ ဖြစ်ဖြစ် ရေကူးကန်သွားတာဖြစ်ဖြစ် အလွယ်ယူသွားလို့ရပြီပေါ့။
ဖန်ခွက်တစ်လုံး
ဖုန်းစပီကာကို အသံကျယ်ကျယ် ကြားချင်တယ်ဆိုရင် ဖန်ခွက်ထဲသာထည့်ထားလိုက်ပါ။
စပီကာကိုတော့ ခွက်ထဲမှာ အောက်ဖက်ဆိုက်ထားရပါမယ်။
စက္ကူပုံး တစ်ပုံး
ကတ္ထူပုံးကို ဖုန်းစခရင်နဲ့တိုင်းပြီး အပေါက်ဖောက်။ ကိုယ်က အောက်က ဝင်ကြည့်မယ်ဆိုရင် Mini Theatre လေးလိုပါပဲ။
ရေသန့်ဘူးတစ်ဘူး
ရေသန့်ဘူးထဲ ရေအပြည့်ထဲပါ။ ဖုန်းက Flash မီးကိုဖွင့်ပြီး မီးအပေါ်က ရေဘူးတင်ထားလိုက်ပါ။ လင်းထိန်နေမှာတော့ အသေအချာပဲ။
Airplane Mode
ဖုန်းအားသွင်းတဲ့နေရာမှာ Airplane Mode ချပြီး အားသွင်းရင် အားပြည့်တာ ပိုမြန်ပါတယ်။
ဂျင်းဘောင်းဘီအဟောင်း
ကိုယ်မဝတ်တော့တဲ့ ဂျင်းဘောင်းဘီရှိရင် အိတ်ကပ်နေရာလေးတွေ ကွက်ဖြတ်လိုက်ပါ။
ဖုန်းအားသွင်းရင် အိတ်ကလေးတွေနဲ့ လှလှပပ ချိတ်ထားလို့ရပြီပေါ့။
===========
MyTech Myanmar
#Via. ဖေအောင်.#
#HtooMyatTin.#
No comments: