Yllix

သည်စာတစ်ပုဒ်ဘဲ ရေးတတ်အောင်သင်ဇမ်းပါညေး။

မြို့မှာ အလုပ်လုပ်နေသော ညီဖြစ်သူက ရွာမှာ
ကျန်ရစ်ခဲ့သည့် အကိုဖြစ်သူအား လူကြုံဖြင့် စာလွှာ
ပါးလိုက်လေသည်...

သို့....ကွီး
နီကောင်းရဲ့လား...
ညေးနီကောင်းဒေ...အလုတွေများနေရို့ စာရေးနိုင်ပု

ဖီဖီနဲ့မွီးကိုလဲ အဇမ်းဒိရဒေ...
ပိုက်ပိုက်တော့ ပို့နိုင်သေးပုရယ်...

အလုတေက စွန်းများဒေ...
ဂျန်တုန်းက ဘော်ဘော်တွေနဲ့ ဘူလိုက်တာ
အဇမ်းပြဲသွားဒေ...
ညေးဘော်ဘော်တွေက အခွီတွေ...
စွန်းခွီနေရတယ်...

ကြောရအုံးမယ်...ညေးကို ခရက်ရှ်နေတဲ့စကီလေး
ရှိဒေ...
အာ့ခေးရ်က စွန်းမိုက်သယ်...
ညေးစွဲစိမို့...ကွီးဘောကရော...
အိုက်စ်...
နောက်မှ စာရေးတော့မယ်...

ပတ်တနာဖစ်ရင် ညေးဟာညေးရှင်းမယ်...
ဖီဖီနဲ့ကွီးတို့ ဒွတ်ခမဖစ်စေရဘူး...

ရှစ်တဲ့...ညေး
(အောင်ဘု)

" မင့်ညီက ဘာတွေရေးလိုက်သလဲ အကြီးကောင် "

" ကျွန်တော်လဲ နားမလည်ဘူးအဘ..."

" ဟေ.....ဒီကောင် မြို့ရောက်တာကြာပြီဆိုတော့
ဘိုလိုများ ​ရေးလိုက်လို့လား "

" ဗမာစာတော့ ဗမာစာပဲအဘ...တစ်လုံးတစ်လေ
လောက်ပဲ နားလည်တယ် "

" ဟေ...ငါ့ပြစမ်း...."

" ကျုပ်တောင် မဖတ်တတ်တာ...အဘဆို ပိုဆိုးမှာပေါ့
ဗျ "

" ဒါဆိုလဲ ကပ္ပိယကြီးဆီ သွားပြကြည့်မယ်ကွာ...
တော်ကြာ အရေးကြီးတဲ့ကိစ္စဆို ဒုက္ခ"

================================

ကပ္ပိယကြီး မျက်မှောင်ကြီးကျုံ့လို့...

"စာထဲမှာဘာရေးထားသတုန်း..."

"ပါဠိနဲ့မြန်မာစာရောမွှေထားတာဗျ...ခင်ဗျားသားက လူပညာရှိပေပဲ...ပါဠိစာတော့ ကျုပ်လဲနားမလည်ဘူး...
ဆရာတော်ကြီးကို သွားပြကြည့်မယ်ဗျာ..."

================================

" ဒကာကြီး..."

" ဘုရာ့ "

" ဒကာကြီးရဲ့သားက ပါဠိလိုရေးတာ မဟုတ်ဖူးဗျ...
သက္ကတဂန္ထလို့ခေါ်တဲ့ သက္ကတစာနဲ့ရေးထားတာ...
ဘုန်းကြီးလဲနားမလည်ဘူးဗျ...နေဦး...ကျောင်းမှာ
ဝေယျာဝစ္စလုပ်နေတဲ့ လူပြန်တော် ဦးမောင်ကြီးကို
မေးကြည့်မယ်...သူက ​လောကီရေးရော​...စာပေ
တွေရော နှံ့စပ်တယ် "

===============================

" ဦးစိန်... "

" ဗျ...ဦးမောင်ကြီး...ဘာတွေရေးထားသလဲဗျ...
လုပ်ပါဦး "

" ဒီစာက ပါဠိလဲမဟုတ်ဘူး...သက္ကတလဲမဟုတ်ဖူး...
လျှို့ဝှက်စာဗျ..."

" ဟင်...ဘာတွေရေးထားသတုန်းဗျ "

" ဒီစာကို ကျုပ်လဲမဖေါ်တတ်ဖူး...ကျုပ်အထင်ပြော
ရရင်၊ ခင်ဗျားရဲ့သားက ရွာသာကြီး တက္ကသိုလ်
ကျောင်းဆင်း ဖြစ်ဖို့များတယ်..."

" ရွာသာကြီးတက္ကသိုလ်က ဘယ်မှာရှိတာတုန်းဗျ
ဦးမောင်ကြီး "

" အင်း...ရွာသာကြီးတက္ကသိုလ်က ပါဠိမောက္ခတွေ
မွေးထုတ်ပေးတဲ့ ရှန်ဂရီလာနားက တက္ကသိုလ်
ပေါ့ဗျာ...ခင်ဗျားအရမ်းကုသိုလ်ကံကောင်းတာပဲ...
ဒီလိုသားတစ်ယောက်ရဖို့ဆိုတာ လွယ်မှတ်လို့..."

"တွေ့လား အကြီးကောင်...မင့်ညီဘယ်လောက်
တော်တယ်ဆိုတာ သိပြီမှတ်​လား...ဒါ့ကြောင့်
မြို့ပေါ်တက်ပြီး မင့်ညီနဲ့အတူအလုပ်လုပ်ရင်း
ပညာရှာပါဆိုတာ...ခုတွေ့ပြီမှတ်​လား...မင့်ညီ...
ငါ့သားလေးရေးထားတဲ့စာကို ဘုန်းကြီးရော၊ ပညာ
ရှိတွေတောင် မဖတ်တတ်ဖူးကွ...ငါ့သားအတွက်
ဂုဏ်ယူသကွာ...အဟေးဟေး "

Cradit

No comments:

Powered by Blogger.