Yllix

ပြည်ပ ချေးငွေထဲ ဘယ်ချေးငွေက အတိုးများဆုံးလည်း။ သိရင် please share

ပြည်ပချေးငွေတွေထဲမှာ အတိုးနှုန်း များတဲ့ တရုတ်ချေးငွေ ကို ပြန်လည် ဆန်းစစ်ဖို့ လွှတ်တော်မှာတင်ပြ
2017-06-28 

မြန်မာနိုင်ငံက ချေးယူထားတဲ့ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ သန်း ၉ ထောင်ကျော်မှာ တရုတ်နိုင်ငံကနေ ချေး ယူထားတဲ့ပမာဏ အများဆုံးဖြစ်ပြီး ပေးရတဲ့အတိုးနှုန်းလည်း အများဆုံးဖြစ်တာကြောင့် နိုင်ငံအတွက် ဝန်ထုပ်ဝန် ပိုးဖြစ်စေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြ ခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ထားတဲ့ ၂ဝ၁၇ ခုနှစ် ကာလလတ်ကြွေးမြီ စီမံခန့်ခွဲ မှု မဟာဗျူဟာထုတ်ပြန်ရေးကိစ္စအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထား မှတ်ချက်အစီရင်ခံစာကို ဆွေးနွေးရာမှာ ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ဆွေးနွေးတင်ပြခဲ့တာဖြစ် ပါတယ်။

ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ သန်း ၉ ထောင်ကျော်မှာ တရုတ်နိုင်ငံကနေ ချေးယူထားတဲ့ငွေဟာ အမေရိ ကန်ဒေါ်လာ ၄ ဘီလီယံနီးပါးရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ချေးငွေဆိုင်းငံ့ကာလမှာ အခြားနိုင်ငံတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းအသီးသီးက ၁ဝ နှစ် ပေး ထားပေမယ့် တရုတ်နိုင်ငံရဲ့ချေးငွေဆိုင်းငံ့ကာလဟာ ၅ နှစ်ဖြစ်တကြောင်းလည်း ဆွေးနွေးခဲ့ပါ တယ်။

တရုတ်နိုင်ငံကနေ ချေးယူထားတဲ့ ချေးငွေတွေနဲ့ပတ်သက်ပြီး စာချုပ်စာတမ်းတွေ ပြန်လည်ဆန်းစစ် တာ ၊ လျော့ပေါ့နိုင်မယ့် နည်းလမ်းတွေရှိရင် နှစ်နိုင်ငံအစိုးရ အကြား ပြန်လည်ညှိနှိုင်းဖို့ စတဲ့အချက် တွေကို ထည့်သွင်း စဉ်စားသင့်ကြောင်းလည်း ဒေါ်ခင်စန်းလှိုင်က ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂ဝ၁၇ ခုနှစ် မတ်လအထိ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ သန်းပေါင်း ၉ ထောင် တစ်ရာကျော် နဲ့ ပြည်တွင်းကြွေးမြီ ကျပ်ဘီလီယံပေါင်း တစ်သောင်းရှစ်ထောင်ကျော်ရှိကြောင်းလည်း စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့ထားတဲ့ ၂ဝ၁၇ ခုနှစ်ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာ ထုတ်ပြန်နိုင်ရေးကိစ္စအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီရဲ့လေ့လာတွေ့ရှိချက်နဲ့ သဘောထား မှတ်ချက် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

No comments:

Powered by Blogger.