Yllix

အသက် 82အရွယ် ဓါးဖြင့် ထိုးတဲ့ ကိုကျာကြီး ရဲက သေနတ်ဖြင့် ပစ်ဖမ်းစဉ်

အသက် ၈၂နှစ်အရွယ်အား ဓါးဖြင့်ထိုးသတ်ပြီး ထွက်ပြေးတိမ်းရှောင် နေသူအား စုံစမ်းဖမ်းဆီးစဉ် ရဲတပ်ဖွဲ့ဝင်အား ဓါးဖြင့်နှစ်ချက်ခုတ်၍ သေနတ်ဖြင့်
ပစ်ခတ်ဖမ်းဆီးရမိ
===============================================================
ဘားအံ ဇွန် ၂၁

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု၊ ဆိတ်ဖူးကုန်းကျေးရွာ၊ ရွာလယ်ဇရပ်တွင် ဇွန်လ (၂၀)ရက်နေ့က အသက်(၈၂-နှစ်)အရွယ်
ဦးစိန်သိန်း ဆိုသူမှာ ထိုးသွင်းဒဏ်ရာများဖြင့် အသတ်ခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူမှာ ထွက်ပြေး တိမ်းရှောင်သွားသဖြင့်ဖမ်းဆီးရမိရေးအတွက် လှိုင်းဘွဲ
မြို့နယ်ရဲတပ်ဖွဲ့မှူးမှ အနီးကပ်ကြပ်မတ်၍ စခန်းမှူးဦးစီးသော ပူးပေါင်းအဖွဲ့ များဖြင့်စုံစမ်းရာမှအောက်ရေပူကျေးရွာရှိလယ်တဲတစ်တဲတွင် ရောက်ရှိခို
အောင်းနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့ဖြင့် ၀ိုင်းဝန်းထားပြီး
အသာတကြည် အဖမ်းခံရန်ပြောဆိုရာ   အဖမ်းခံခြင်းမရှိဘဲ ဓါးထုတ်ကာ
တဲပေါ်မှ ခုန်ချပြီး တဲအောက်ရှိ ရဲတပ်ကြပ်ကြီးအား ဓါးဖြင့် (၂)ချက်ခုတ်သဖြင့် သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ကာ ပြစ်မှုကျူးလွန်တိမ်းရှောင်နေသူ ကျားကြီးအား သေနတ်ဒဏ်ရာဖြင့် ဇွန်လ ၂၁ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်။
#ကရင်ပြည်နယ်ရဲတပ်ဖွဲ့

No comments:

Powered by Blogger.