Yllix

မနက်စောစောအတွက်သတင်းအစီအစဉ်

နံနက်ခင်းလဖက်ရည်သောက်ရင်း သတင်းဖတ်ကြ ကြည့်ကြစို့ဗျာ

ခမာနီခေါင်းဆောင် လူသတ်မှုငြင်းဆို

(ဖနွမ်းပင်) - ခမာနီခေါင်းဆောင် ခီယူဆန်ဖန်က ကမ္ဘောဒီးယားကို သူတို့အုပ်ချုပ်ခဲ့တဲ့ ၁၉၇ဝ ပြည့်လွန်နှစ်တွေအတွင်း လူတွေကို အစုအပြုံလိုက်သတ်ဖြတ်ခဲ့တယ်ဆိုတာ မဟုတ်မမှန်ပါဖူးလို့ ကုလသမဂ္ဂ ကမကထပြုလုပ်တဲ့ အထူးတရားရုံးမှာ မနေ့က အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပါတယ်။
ကမ္ဘောဒီးယားကို ခမာနီကွန်မြူနစ်တွေ အုပ်ချုပ်တဲ့ ၁၉၇၅ ခုနှစ်က ၁၉၇၉ ခုနှစ်တွေ အတွင်း ညှင်းပန်းမှု၊ အစာငတ်မွတ်မှုနဲ့ ကျန်းမာရေးပြုစု စောင့်ရှောက်ခြင်း ကင်းမဲ့မှုတွေကြောင့် ပြည်သူ ၂ သန်း နီးပါးသေဆုံးခဲ့ပါတယ်။
ခီယူဆန်ဖန်ဟာ အခု အသက် ၈၅ နှစ် ရှိပါပြီ။ သူတို့အစိုးရလက်ထက်မှာ တိုင်းရင်းသားလူနည်းစုတွေကို ညှင်းပန်းသတ်ဖြတ်မှု အပါအဝင် လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိခဲ့တယ်ဆိုတာ ၁၉၇၉ အာဏာဆုံးရှုံးပြီးနောက်ပိုင်းနဲ့ အခုလိုခုံရုံးအတင်ခံရမှ ကြားသိခဲ့ပါတယ်လို့လည်း သူက ပြောပါတယ်။
ခရက်ဒစ် ခင်မောင်စိုး (RFA)

ဗွီဒီယိုတွဲဖက်တင်ပြ   ဂိုလ်ရှယ်လေး

No comments:

Powered by Blogger.