Yllix

အုပ္စုဖြဲ ခိုးယူလုယက္မူထပ္မံေပၚေပါက္ ဖမ္းစီးမိ

အုပ္စုဖဲြ႕၍  လုယက္မႈက်ဴးလြန္သူမ်ားကို ထပ္မံစစ္ေဆးရာမွ လုယက္မႈႏွင့္
ခိုးမႈမ်ားထပ္မံေပၚေပါက္သျဖင့္ အမႈဖြင့္ အေရးယူ

ရန္ကုန္၊ ဇြန္ ၂၇

စမ္းေခ်ာင္းၿမိဳ႕နယ္ေန ကိုမ်ိဳးသူထံမွ ဇြန္လ ၁၉ ရက္ေန႔ ည ၉နာရီခဲြအခ်ိန္
ခန္႔တြင္ ဒဂံုၿမိဳ႕နယ္၊ ျပည္သူ႔ရင္ျပင္ေရွ႕တြင္Probox အျဖဴေရာင္ အငွား
ယာဥ္ျဖင့္ လက္ကုိင္ဖုန္းလုယက္မႈက်ဴးလြန္သူမ်ားကို  အေနာက္ပိုင္းခရိုင္
ရဲတပ္ဖြဲ႕မွဴးရံုး၊ မႈခင္းႏွိမ္နင္းေရးဌာနစုမွ တပ္ဖဲြ႕၀င္မ်ားက ခ်က္ခ်င္းဖမ္းဆီး
ရမိခဲ့သျဖင့္ ဒဂံုၿမိဳ႕မရဲစခန္း (ပ)၁၀၁/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၄ျဖင့္
အမႈဖြင့္ကာ အေရးယူေဆာင္ရြက္ခဲ့ၿပီး ျပစ္မႈက်ဴးလြန္ရာတြင္ပါ၀င္သူမ်ားျဖစ္
သည့္ ကမာရြတ္ၿမိဳ႕နယ္ေန ၾကက္ဖ(ခ)ေဇာ္ရွိန္း၊ (၂၂)ႏွစ္၊ ေတာင္ဥကၠ
လာပၿမိဳ႕နယ္ေန ေမႊးနီ (ခ)ေက်ာ္ဇင္လတ္၊ (၂၆)ႏွစ္၊သာေကတၿမိဳ႕နယ္ေန
၀င္းမင္းထြန္း(ခ)အုန္းေက်ာ္၊ (၁၈)ႏွစ္၊ ေတာင္ဥကၠလာပၿမိဳ႕နယ္ေနသူမ်ား
ျဖစ္သည့္ ရန္ႏိုင္(ခ)ဇင္မင္းဦး၊ (၂၀)ႏွစ္၊ ဒဂံုၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္ေန
ဖိုးေထာင္(ခ) သန္႔ဇင္ေထြး၊ (၂၆)ႏွစ္၊ ရဲရင့္(ခ)ရခိုင္(ခ)စိုးမင္းႏိုင္၊ (၂၁)ႏွစ္၊
ေ၀ယံ(ခ)ဇဲြညီ(ခ)၀က္ကေလး၊ (၁၈)ႏွစ္၊ ဗဟန္း ၿမိဳ႕နယ္ေနသူမ်ားျဖစ္
သည့္အိၾကဴစံ(ခ)ခန္႔ၿငိမ္းသူ၊သွ်ားနဒီ(ခ)ျမတ္သူစံ၊သားသား(ခ)ဆင့္ဆင့္ႏိုင္၊
သန္လ်င္ၿမိဳ႕နယ္ေန သံစဥ္ခ်ိဳ(ခ)ေအးစုစံတို႔အား အျခားလုယက္မႈ၊ ခိုးမႈမ်ား
က်ဴးလြန္ထားျခင္းရွိမရွိ ထပ္မံစစ္ေဆးခဲ့ပါသည္။

ယင္းသို႔စစ္ေဆးခဲ့ရာ ဇြန္လ ၁၉ ရက္ေန႔ ည ၈နာရီ အခ်ိန္ခန္႔တြင္
၎တို႔အတူ ဗိုလ္တေထာင္ေစတီအနီးရွိ ထမင္းဆိုင္တြင္ ထမင္းစားခဲ့
ၾကၿပီးေနာက္ 4J--- Probox ယာဥ္ျဖင့္ ေတာင္ဥကၠလာပၿမိဳ႕နယ္ဘက္သို႔
သြားေရာက္ကာ ၁၄/၁၅ လမ္းဆံုအနီးဘဏ္ေရွ႕အေရာက္၌လမ္းေလွ်ာက္
ေနသူ အမ်ိဳးသားတစ္ဦးအား ၾကက္ဖ(ခ) ေဇာ္ရွိန္းပါ(၄)ဦးတို႔မွ ၀ိုင္း၀န္း
ရိုက္ႏွက္၍ Huawei P 9 အမ်ိဳးအစားလက္ကိုင္ဖုန္းတစ္လံုးအား လုယက္
ခဲ့ေၾကာင္း၊ ၎ျပင္ ၾကက္ဖ(ခ)ေဇာ္ရွိန္းႏွင့္ ေမႊးနီ(ခ)ေက်ာ္ဇင္လတ္တို႔သည္
ဇြန္လ ၁၆ ရက္ေန႔ နံနက္ ၃ နာရီ အခ်ိန္တြင္ တာေမြၿမိဳ႕နယ္ရွိ ႏိုက္ကလပ္
ေရွ႕တြင္ ေတြ႕ရွိသူလူငယ္တစ္ဦးထံမွ Vivo အမ်ိဳးအစား လက္ကိုင္ဖုန္း
အား ခိုးယူခဲ့ေၾကာင္း ထပ္မံေပၚေပါက္ခဲ့ပါသည္။

အလားတူ လုယက္မႈက်ဴးလြန္ရာတြင္ပါ၀င္သူ ဇင္မင္းဦး(ခ)ရန္ႏိုင္အား
စစ္ေဆးခဲ့ရာ ၎သည္ ၂၀၁၇ခုႏွစ္၊ မတ္လႏွင့္ေမလမ်ားအတြင္းက
ဘိုးေတာ္(စံုစမ္းဆဲ)၊ ယမင္း(စံုစမ္းဆဲ)တို႔ႏွင့္အတူ ဒဂံုၿမိဳ႕နယ္ရွိ ျပည္သူ႔ရင္
ျပင္ ႏွင့္ ဗဟန္းၿမိဳ႕နယ္ရွိ အင္းယားကန္ေဘာင္ေပၚတို႔တြင္အိပ္ေပ်ာ္ေနသူ
မ်ားထံမွ Huawei 610 အမ်ိဳးအစား လက္ကိုင္ဖုန္း(၁)လံုး၊ SAMSUNG J7
အမ်ိဳးအစားလက္ကိုင္ဖုန္း(၁)လံုး၊ SAMSUNG Grand 2 အမ်ိဳးအစား
လက္ကိုင္ဖုန္း(၁)လံုး၊ Oppo Neo 7 အမ်ိဳးအစားလက္ကိုင္ဖုန္း(၁)လံုးႏွင့္
Mi Note 3 အမ်ိဳးအစားလက္ကိုင္ ဖုန္း(၁)လံုး စုစုေပါင္း (၅)လံုးတို႔အား
ခိုးယူေရာင္းခ်ထားေၾကာင္း ထပ္မံေပၚေပါက္ခဲ့ပါသည္။

ေပၚေပါက္ခ်က္မ်ားအရ သက္ေသခံပစၥည္းမ်ားျပန္လည္သိမ္းဆည္းကာ
သက္ဆိုင္ရာရဲစခန္းမ်ားတြင္ အမႈမ်ား အသီးသီးေရးဖြင့္၍အေရးယူ
ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

Yangon police

(Unicode)

အုပ်စုဖွဲ့၍  လုယက်မှုကျူးလွန်သူများကို ထပ်မံစစ်ဆေးရာမှ လုယက်မှုနှင့်
ခိုးမှုများထပ်မံပေါ်ပေါက်သဖြင့် အမှုဖွင့် အရေးယူ

ရန်ကုန်၊ ဇွန် ၂၇

စမ်းချောင်းမြို့နယ်နေ ကိုမျိုးသူထံမှ ဇွန်လ ၁၉ ရက်နေ့ ည ၉နာရီခွဲအချိန်
ခန့်တွင် ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ရှေ့တွင်Probox အဖြူရောင် အငှား
ယာဉ်ဖြင့် လက်ကိုင်ဖုန်းလုယက်မှုကျူးလွန်သူများကို  အနောက်ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များက ချက်ချင်းဖမ်းဆီး
ရမိခဲ့သဖြင့် ဒဂုံမြို့မရဲစခန်း (ပ)၁၀၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ဖြင့်
အမှုဖွင့်ကာ အရေးယူဆောင်ရွက်ခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင်ပါ၀င်သူများဖြစ်
သည့် ကမာရွတ်မြို့နယ်နေ ကြက်ဖ(ခ)ဇော်ရှိန်း၊ (၂၂)နှစ်၊ တောင်ဥက္က
လာပမြို့နယ်နေ မွှေးနီ (ခ)ကျော်ဇင်လတ်၊ (၂၆)နှစ်၊သာကေတမြို့နယ်နေ
၀င်းမင်းထွန်း(ခ)အုန်းကျော်၊ (၁၈)နှစ်၊ တောင်ဥက္ကလာပမြို့နယ်နေသူများ
ဖြစ်သည့် ရန်နိုင်(ခ)ဇင်မင်းဦး၊ (၂၀)နှစ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ
ဖိုးထောင်(ခ) သန့်ဇင်ထွေး၊ (၂၆)နှစ်၊ ရဲရင့်(ခ)ရခိုင်(ခ)စိုးမင်းနိုင်၊ (၂၁)နှစ်၊
ဝေယံ(ခ)ဇွဲညီ(ခ)၀က်ကလေး၊ (၁၈)နှစ်၊ ဗဟန်း မြို့နယ်နေသူများဖြစ်
သည့်အိကြူစံ(ခ)ခန့်ငြိမ်းသူ၊သျှားနဒီ(ခ)မြတ်သူစံ၊သားသား(ခ)ဆင့်ဆင့်နိုင်၊
သန်လျင်မြို့နယ်နေ သံစဉ်ချို(ခ)အေးစုစံတို့အား အခြားလုယက်မှု၊ ခိုးမှုများ
ကျူးလွန်ထားခြင်းရှိမရှိ ထပ်မံစစ်ဆေးခဲ့ပါသည်။

ယင်းသို့စစ်ဆေးခဲ့ရာ ဇွန်လ ၁၉ ရက်နေ့ ည ၈နာရီ အချိန်ခန့်တွင်
၎င်းတို့အတူ ဗိုလ်တထောင်စေတီအနီးရှိ ထမင်းဆိုင်တွင် ထမင်းစားခဲ့
ကြပြီးနောက် 4J--- Probox ယာဉ်ဖြင့် တောင်ဥက္ကလာပမြို့နယ်ဘက်သို့
သွားရောက်ကာ ၁၄/၁၅ လမ်းဆုံအနီးဘဏ်ရှေ့အရောက်၌လမ်းလျှောက်
နေသူ အမျိုးသားတစ်ဦးအား ကြက်ဖ(ခ) ဇော်ရှိန်းပါ(၄)ဦးတို့မှ ၀ိုင်းဝန်း
ရိုက်နှက်၍ Huawei P 9 အမျိုးအစားလက်ကိုင်ဖုန်းတစ်လုံးအား လုယက်
ခဲ့ကြောင်း၊ ၎င်းပြင် ကြက်ဖ(ခ)ဇော်ရှိန်းနှင့် မွှေးနီ(ခ)ကျော်ဇင်လတ်တို့သည်ဇွန်လ ၁၆ ရက်နေ့ နံနက် ၃ နာရီ အချိန်တွင် တာမွေမြို့နယ်ရှိ နိုက်ကလပ်ရှေ့တွင် တွေ့ရှိသူလူငယ်တစ်ဦးထံမှ Vivo အမျိုးအစား လက်ကိုင်ဖုန်းအား ခိုးယူခဲ့ကြောင်း ထပ်မံပေါ်ပေါက်ခဲ့ပါသည်။

အလားတူ လုယက်မှုကျူးလွန်ရာတွင်ပါ၀င်သူ ဇင်မင်းဦး(ခ)ရန်နိုင်အား
စစ်ဆေးခဲ့ရာ ၎င်းသည် ၂၀၁၇ခုနှစ်၊ မတ်လနှင့်မေလများအတွင်းက
ဘိုးတော်(စုံစမ်းဆဲ)၊ ယမင်း(စုံစမ်းဆဲ)တို့နှင့်အတူ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်
ပြင် နှင့် ဗဟန်းမြို့နယ်ရှိ အင်းယားကန်ဘောင်ပေါ်တို့တွင်အိပ်ပျော်နေသူ
များထံမှ Huawei 610 အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံး၊ SAMSUNG J7
အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံး၊ SAMSUNG Grand 2 အမျိုးအစား
လက်ကိုင်ဖုန်း(၁)လုံး၊ Oppo Neo 7 အမျိုးအစားလက်ကိုင်ဖုန်း(၁)လုံးနှင့်
Mi Note 3 အမျိုးအစားလက်ကိုင် ဖုန်း(၁)လုံး စုစုပေါင်း (၅)လုံးတို့အား
ခိုးယူရောင်းချထားကြောင်း ထပ်မံပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ သက်သေခံပစ္စည်းများပြန်လည်သိမ်းဆည်းကာ
သက်ဆိုင်ရာရဲစခန်းများတွင် အမှုများ အသီးသီးရေးဖွင့်၍အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:

Powered by Blogger.