Yllix

သင်သိပါသလား ဘာကို ရှိခိုးတာလည်းဆိုတာ ???

ဒီမှာဆရာကြီး  ဘာကို  ရှိခိုးတာလဲ…?

ဖတ်ဖြစ်အောင် ဖတ်ပေးပါ  ပေးတဲ့အချိန်နဲ့
တန်စေရပါ့မယ်။

မနေ့က  စာဖြေဦးဇင်းလေးတစ်ပါး ဓမ္မာစရိယ
စာမေးပွဲအောင်စာရင်းနဲ့  ပတ်သတ်ပီး တင်ထား
တာလေး ဖတ်မိတယ်။

ဖြေဆိုသံဃာက(၁၉၇၅၅)ပါးမှာ…
တစ်ကျမ်းပြီး(၁၁၇၆)ပါး၊ နှစ်ကျမ်းပြီး(၁၄၉၀)ပါး၊
ဒီတော့(၃၄၄၇)ပါးအောင်ပြီး၊(၁၆၃၀၈)ပါးကကျ
တယ် ဆိုပါတော့။

တချို့ဆိုရင် စိတ်ညစ်ပီး လူထွက်သွားကြတယ်လို့
သတင်းတွေ  ထွက်နေပါတယ်။

မြန်မာနိုင်ငံမှာ တစ်နှစ်ထက် တစ်နှစ်  စာဖြေသံဃာ
လျော့ကျလာသလို  သံဃာအရေအတွက်ဟာလည်း
ပိုပိုလျော့လာတာကို  တွေ့ရမှာပါ ။

ဒီနေရာမှာ တစ်ခုပြောခြင်တာက ဗုဒ္ဓဘာသာဝင်
အမည်ခံတဲ့  လူတချို့ကိုပါ။ နှစ်စဉ်သံဃာအရေအ
တွက် လျော့ကျလာတာကို  ထိန်းသိမ်းမယ်၊​ထောက်
ပံ့ပေးမယ်တော့  မရှိဘူး ။တစိတ်ရှိ ဟိုရဟန်းက
ဝိနည်း မညီဘူး ၊ဒီရဟန်းက ဝိနည်းမညီဘူးဆိုပြီး
ပြောဆိုနေတာတွေကိုပါ ။

တချို့ဆိုလျှင် ဝိနည်းမညီလို့ သူဟောတဲ့တရား
#မနာနိုင်ဘူးဆိုတဲ့သူတွေတောင်  ရှိပါတယ်။

ဥပမာလေးနဲ့  တင်ပြပေးပါ့မယ်။ အကုသိုလ်တရား
တွေသိပ်များနေတဲ့  ဒီနေ့လိုခေတ်ကြီးမှာ  ကျနော်
ခင်ဗျားတို့ကို ဒစ်စကောင့်ချပေးတဲ့အနေနဲ့ ငါးပါးသီ
လတွေ ၊ဘာတွေမပြောတော့ပါဘူး (၁)ပါးသီလပဲ
စောင့်ထိန်းခိုင်းပါ့မယ်။

မြတ်ဗုဒ္ဓက  မုသားဆိုလျှင် ရယ်စရာအဖြစ်နဲ့တောင်
မပြောနဲ့ချစ်သားတဲ့ …အာ့တော့ ခင်ဗျားတို့ကို တစ်ခု
မေးခြင်တယ်  မုသာဝါဒဆိုတဲ့ (၁)ပါးသီလကိုတောင်
လုံအောင် ထိန်းနိုင်ရဲ့လားလို့ …?

ကျနော်တွက်ကျိမိတယ်  လူအယောက်(၁)သိန်းမှာ
မုသာဝါဒကံလုံတဲ့သူကို အချိုးချကျိရင် ဖြစ်နိုင်ချေ
က (0.001)လောက်တောင် ရှိမယ်မထင်ဘူး။ဟိုဘက်
မိုင်းနပ်(-)ထွက်မသွားရင်ကံကောင်းတယ် မှတ်..

ဒါမှမယုံသေးဘူးဆိုလျှင် ခင်ဗျားပတ်ဝန်းကျင်က
တွေ့သမျှလူတိုင်းကို  ဒီမှာ  နောင်ကြီး ဒီနေ့ဒီအချိန်ထိ
ခင်ဗျား သူတစ်ပါးအပေါ်မှာ လိမ်ဖူးသလား မလိမ်
ဘူးဖူးလားလို့  တစ်ယောက်ချင်း  လိုက်မေးကျိပါ ။

ဒီတော့ဗျာ  ကိုယ်တိုင်ကျ (၁)ပါးသီလလေးတောင်
လုံအောင်  မထိန်းနိုင်ပဲ  အကျယ်ကုဋေကိုးထောင်
ကျော်ဝိနည်းတော်သိက္ခာပုဒ်တွေကို  ထိန်းသိမ်းနေရ
တဲ့  ရဟန်းတပါးကိုတော့  ဝိနည်းမညီဘူးပြောနေတဲ့
ခင်ဗျားတို့  ပါးစပ်ပေါက်တွေဟာ တရားရဲ့လား
ကွကို စဉ်းစားကျိကြစမ်းပါ ။

ဝိနည်းတော်မညီလို့  သူဟောတဲ့တရား မနာနိုင်ဘူး
ဆိုတဲ့ သူတွေကို  ထပ်ပီးပြောခြင်ပါသေးတယ်။
ခင်ဗျားကိုယ်တိုင်  (၇)ရက်လောက်အစမ်းသဘောနဲ့
ရဟန်းဝတ်ကျိလိုက်ပါ ။ ကုဋေကိုးထောင်ကျော်
သိက္ခာပုဒ်ကို  ခင်းဗျားထိန်းနိုင်ပါ့မလား ?

အဲ့ဒီ ရဟန်းဝတ်ခဲ့တဲ့ (၇)ရက်အတော့အတွင်းမှာ
ခင်ဗျားကျင့်ကြံသိခဲ့တဲ့ ဗုဒ္ဓတရားတော်တွေကို
ခင်ဗျားလောက်မှ  မသိတဲ့လူတယောက်ကို 
ပြန်ဟောပေးတယ်ဆိုပါစို့   အဲ့ဒီလူက  ခင်ဗျားဝိနည်း
မညီလို့  ခင်ဗျားဟောတဲ့ ဗုဒ္ဓတရားတော်ကို မနာယူ
ဘူးဆိုရင်  သူ့အဖို့ရာ  ကုသိုလ်မရယုံဘဲ  ရှိတော့
မပေါ့  မဟုတ်ဖူးလား …?

နောက်ထပ် ဥပမာတစ်ခုနဲ့ ထပ်ပြောပါ့မယ်
ခင်ဗျားမှာ သားယောကျာ်လေး  ရှိတယ်ထားဗျာ
၈နှစ်/၉နှစ်အရွယ်ဆိုရင်  ဗုဒ္ဓဘာသာဝင်တို့ရဲ့ ထုံး
တမ်းအစဉ်အလာအရ  ရှင်ပြုကြတယ်။အဲဒီအခါမှာ
၁၀ နှစ်သားလောက်ရှိတဲ့  ကလေးငယ် အထက်က
ကျနော်ပြောခဲ့တဲ့  ဝိနည်းတော်တွေလောက် မများ
ပေမဲ့ သူကျင့်ရမဲ့ ရှင်ကျင့်ဝတ်ကို  လုံအောင်လိုက်
နာဖို့ မလွယ်တဲ့ကိစ္စပါ

ဒါပေမဲ့   ရှင်ပြုပီးတဲ့ ကလေးငယ်ကို   မိဘက ပြန်ပြီး
ရှိခိုးကြတယ်။အဖြေက  ဒါဘဲ 

ဝိနည်းတော်ညီလို့  မညီလို့ဆိုတာထက်  ဘုရားသား
တော်အမှတ်နဲ့  ဦးခိုက်ကြတာပါ။

ဒါကြောင့်လည်း ဗုဒ္ဓမြတ်စွာက ရခဲခြင်းတရား(၅)ပါး
ထဲမှာ  ထေရဝါဒရဟန်းဘဝကို  ရခဲ့ခြင်းလို့ ထည့်
သွင်းခဲ့တာပေါ့။ကျနော်တို့ ကိုးကွယ်နေတဲ့ ရဟန်း
တွေဟာ အဲသလို  တန်ဘိုးရှိတယ်ဆိုတာကို သိထား
စေခြင်တယ်။

ဒီတော့  မိမိဘာကိုရှိခိုးတာလည်းဆိုတာကို 
သဘောပေါက်ဖို့  လိုပါတယ်။ ယခုပို့စ်အတွက်
အတွေးလေးတခု  ရသွားတယ်ဆိုရင်ဘဲ  ရဲကြီး
ကျေနပ်ပါတယ်။

ဒီမှာဆရာကြီး   ဘာကို ရှိခိုးတာလဲ  …?

                                   #ရဲမင်းစိုး

No comments:

Powered by Blogger.