Yllix

ရှားစောင်းလက်ပတ်အစိမ်းစားလို့မရဘူးနော်။ အပြည့်အစုံကိုအောက်ကလင့်မှာကြည့်နော်

တိုက်ရိုက်အွန်လိုင်းမှ ရှားစောင်းလက်ပတ် အပင်အား အစိမ်းစားပြသူ အဆိပ်ဖြစ်ပွားသဖြင့် ဆေးရုံတင်ကုသနေရ

အသက် ၂၆ နှစ်အရွယ် တရုတ်နိုင်ငံသူ Zhang အမျိုးသမီးက အပင်တွေကို အစိမ်းစားခြင်းဟာ လူသားတွေအတွက်ဆေးဖက်ဝင်တယ် ၊အကျိုးအာနိသင်များတယ် လို့  အွန်လိုင်းတွေက ဆေးပညာပေး တိုက်ရိုက်ထုတ်ခဲ့ပြီး ရှားစောင်းလက်ပတ်aloe veraကိုအစိမ်းစားပြခဲ့ပါတယ်။

မကြာခင်မှာဘဲ သူမ ရှာတွေ ထုံလာပြီး လည်ချောင်းတွေပူလာပါတော့တယ်။မူးဝေအော့အန်ပြီး အဆိပ်ဖြစ်ပွားခဲ့လို့  အရေးပေါ်ဆေးရုံတင်ခဲ့ရပါတယ်။
သူမကို အရေးပေါ်ဆေးကုသပေးတဲ့ ဆရာဝန်တွေက သူမ စားပြတာဟာ ရှားစောင့်င်းလက်ပတ်အပင်မဟုတ်ပဲ အစိမ်းစားရင် ဘေး ဖြစ် စေနိုင်တဲ့ Agave americana အပင်တမျိုးလို့  ပြောဆိုခဲ့ပါတယ်။

အွန်းလိုင်းတွေမှာ သူထက်ငါ ထူးအောင်ရေး သားနေကြတဲ့ ဆေးပညာပေး ဆောင်းပါးဖေါ်ပြချက်တွေကို ဖတ်ပြီး လက်တဲ့စမ်းချင်တဲ့ သူတွေအတွက် သင်္ခန်းစာ ယူရမယ့် ဖြစ်ရပ်ပါ။
အပင်တိုင်းဟာဆေးဘက်ဝင်ပေမယ့် အဆိပ်အတောက်ဖြစ်စေမယ့် အပင်တွေ အများအပြားရှိနေပါတယ်။

Social Action for Children and Women - SAW

please share

No comments:

Powered by Blogger.