Yllix

အမှား​ပြောပြီ ပြန်​​တောင်းပန်​လို့ရတယ်​​ပေါ့ အမရဘဏ်​ကို သာသနာ​ရေးဝန်​ကြီးဌာန​တောင်းပန

အမရဘဏ်ကို သာသနာရေးဝန်ကြီးဌာနတောင်းပန်
~~~~~~~~~~~~
■ United အမရဘဏ်မှာ ဘာသာရေး လူမှုရေး အသင်းအဖွဲ့တွေ ငွေကြေးအပ်နှံထားတာ ရှိတယ် ဆိုပြီး သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက သတင်းထောက်တွေကို မေလ ၂၄ ရက်နေ့က ပြောကြားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ ဝန်ကြီးဌာနက တောင်းပန်လိုက်ပါတယ်။

သူရဦးအောင်ကိုရဲ့ ပြောကြားချက်တွေဟာ လုံးဝ မှန်ကန်မှုမရှိဘူးလို့ အမရဘဏ်ဘက်က ကြေညာချက်ထုတ် ငြင်းဆိုခဲ့ပြီးနောက်၊ ဒီကိစ္စနဲ့ပတ်သက်လို့ အမရဘဏ် တာဝန်ရှိသူတွေကို တောင်းပန်ခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက မနေ့က ကြေညာချက်ထုတ်ပြန်လိုက်တာပါ။

သတင်းထောက်တွေကို ဖြေကြားခဲ့ရာမှာ စိတ်ဆန္ဒစောပြီး အမရဘဏ်ကို ဥပမာ ပေးခဲ့တာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဘာသာရေးလူမှုရေး အစွန်းရောက်အဖွဲ့အစည်းတခုကို ထောက်ပံ့ငွေတွေဟာ ပုဂ္ဂလိကဘဏ်တချို့နဲ့ ဆက်စပ်မှုရှိနိုင်တယ်ဆိုပြီး ၂ဝ၁၆ ခုနှစ် ဇူလိုင် လဆန်းပိုင်းက သတင်းထွက်ပေါ်ခဲ့တဲ့အတွက် ဗဟိုဘဏ်ကတဆင့် မေးမြန်းရာမှာ သိရှိရတဲ့ အချက်အလက် တွေအရ သတင်းရထားတဲ့ ငွေပမာဏနဲ့ ကွဲလွဲနေကြောင်း၊ အဲဒီဘဏ်အပ်ငွေတွေနဲ့ ပတ်သက်ပြီး ဗဟိုဘဏ်ကို မေလ ၂ ရက်နေ့မှာ မေးမြန်းခဲ့ပေမယ့် ဒီနေ့အထိ သတင်းအချက်အလက် ပြန်ကြားတာ မရှိသေးကြောင်း ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အစွန်းရောက် ဘာသာရေးအဖွဲ့တွေ လှုပ်ရှားနိုင်အောင် ထောက်ပံ့တဲ့ငွေဟာ ကျပ်သန်း ၅ ထောင် နီးပါးရှိတယ်ဆိုပြီး သတင်းရထားကြောင်း သာသာနာရေးဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုထားပါတယ်။
Credit. RFA Burmese
  26.5.2012


No comments:

Powered by Blogger.