ကလေး ၂၂သိန်း အကူညီလိုနေဟု ယူနီဆက်ပြောကြား
ကလေး ၂၂ သိန်း အကူအညီလိုနေဟု ယူနီဆက် ပြောကြား
မြန်မာနိုင်ငံမှာ နိုင်ငံရေးပြောင်းလဲမှုနဲ့ စီးပွားရေးတိုးတက်မှု ရှိလင့်ကစား တိုင်းပြည်အစွန်အဖျားက စစ်မက် ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာရှိတဲ့ ကလေးသူငယ် ၂ သန်းကျော် လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေကြောင်း UNICEF ယူနီဆက်ဖ် ကုလသမဂ္ဂ ကလေးသူငယ်များ ရံပုံငွေအဖွဲ့ က အင်္ဂါနေ့ မနေ့က ပြောကြားလိုက်ပါတယ်။
UNICEF ကထုတ်ပြန်တဲ့ Child Alert ကလေးသူငယ်အရေး သတိပေး ဆိုတဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အသက် ၅ နှစ်အောက် ကလေး ၁၅ဝ ခန့် နေ့စဉ်သေဆုံးနေပြီး ကလေး ၃ဝ %ဟာ အဟာရ ချို့တဲ့နေကြတယ် လို့ ဆိုပါတယ်။ အခုလို ကလေး ၂၂ သိန်းခန့် ဒုက္ခဆင်းရဲကြုံနေရတဲ့ အဓိကအချက်တွေကတော့ ပြည်တွင်းပဋိပက္ခ၊ ဆင်းရဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်ခြင်း ကင်းမဲ့မှုတွေကြောင့် ဖြစ်ကြောင်း၊ မြန်မာကလေးသူငယ် တဝက်ကျော်ဟာ နိုင်ငံတကာစံနှုံးအရ ဆင်းရဲတဲ့အဆင့်အောက်ကို ရောက်ရှိနေကြောင်းနဲ့ ဒါဟာ အစိုးရသစ်အတွက် စိန်ခေါ်မှုကြီးတရပ်ဖြစ်နေကြောင်း ယူနီဆက်ဖ် ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
Credit RFA Burmese
No comments: