Yllix

ရုပ်​ရှင်​ ဥက္ကဌကို ပိုက်​ဆံသာကြည့်​တက်​တယ်​လို့ ​ဝေဖန်​လိုက်​တဲ့ ဒါရိုက်​တာ ၀ိုင်း

ရုပ်ရှင် ဥက္ကဌ ပိုက်ဆံ မျက်နှာသာကြည့်တယ်လို့ဝေဖန်လိုက်တဲ့ ဒါရိုက်တာဝိုင်း

ဒါရိုက်တာဝိုင်း က ခွင့်ပြုချက်မကျသေးတဲ့ ရုပ်ရှင် ဇာတ်ကား မှာ ရုပ်ရှင် ဥက္ကဌ ကိုယ်တိုင် ပိုက်ဆံမျက်မှာကိုသာကြည့်ပြီး ပါဝင်သရုပ်ဆောင်နေတာကို သူရဲ့ ဖေ့ဘုတ် စာမျက်နှာ မှတဆင့် မနေ့ည မေလ ၂၆ရက်နေ့က ဝေဖန်လိုက်ပါတယ်။

“ဆင်ဆာဖျက်သိမ်းဖို့ဦးစီးဦးဆောင်လုပ်နေတဲ့ရုပ်ရှင် လောကရဲ့အကြီးအကဲကိုယ်တိုင်ကရိုက်ကူးခွင့်မပြုသေးတဲ့ဇာတ်လမ်းတခုကိုပိုက်ဆံဆိုတဲ့မျက်နှာတခုတည်းကြည့်ပီး ကားရိုက်နေခဲ့ပီးမှ…ပြန်ကြားရေးမှတာဝန်ရှိသူများကိုဖုန်းဆက်ပီးဆင်ဆာကအရင်အတိုင်းပဲဘာမှမပြောငိးလဲသေးဘူး ဟုအပြစ်တင်သံကြားသောအခါ… သင်ဘယ်လိုခံစားရမလဲ..ပြောကြည့်ပါလား အော်…တကွက်မှဆင်ဆာမဖြတ်တာဆယ်ကားရှိသွားပါပီ သူဘာလို့ဖုန်းဆက်ရတာလဲ…ပြောကြည့်ပါလား” ဟု ဒါရိုက်တာဝိုင်းက သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ယင်း Status ကို ဥက္ကဌ လူမင်း က သူ့ရဲ့ ဖေ့ဘုတ် မှာ Share ထားပြီး ပြန်လည်ဖြေရှင်းထားပါတယ်။
“ဝိုင်းရေ ရှင်းဖို့လိုတယ်ထင်လို့ ကိုယ်ရှင်းပါရစေ ၊

၁။ဆင်ဆာဖျက်သိမ်းဖို့ဆိုတဲ့ခေါင်းစဉ်ထက် လောကသားတွေခံစားကြုံတွေ့နေရတဲ့ အခက်အခဲ ကိုအားလုံးကိုယ်စားညှိနှိုင်းဖြေရှင်းပေးနေတာဖြစ်တယ် ၊ (ကိုယ့်ကားအဖြတ်မခံရလို့အခက်အခဲမဟုတ်ဘူးလို့ယူဆနိုင်သလို ၊ အခက်အခဲကြုံတွေ့နေရတဲ့ထုတ်လုပ်သူ၊ဒါရိုက်တာတွေကို လည်းတချိန်က”အဲဒီအခန်းဖြတ်” ဆိုတဲ့ဇာတ်လမ်းကိုခံစားရိုက်ကူးခဲ့တဲ့ဒါရိုက်တာ ဝိုင်းနားလည်ပေးနိုင်လိမ့်မယ်ထင်ပါတယ်)

၂။ရိုက်ကူးခွင့်မပြုသေးတဲ့ဇာတ်လမ်း ဆိုတဲ့ကိစ္စ၊ ထုတ်လုပ်သူ က April ကထဲက ဇာတ်လမ်း စီစစ်ရေးကိုတင်ပြထားခဲ့တာဖြစ်တယ်။ကိုယ့်ကိုလည်းApril မတိုင်ခင်ကထဲကသရုပ်ဆောင်အဖြစ်ကမ်းလှမ်းရိုက်ရက်ယူထားခဲ့တာဖြစ်တယ်။ 12.5.2017 ရက်နေ့ဇာတ်လမ်းစီစစ်ရေးအစည်းအဝေးမှာကထဲကဒီဇာတ်လမ်းက ခွင့်ပြုချက်(သို့) ပြင်ဆင်ချက်ထွက်ရမှာဖြစ်ပေမယ့်လူမစုံတဲ့အတွက်နောက်တပတ်ထပ်ချိန်းပါတယ် ။ 20.5.2017 သောကြာနေ့အစည်းအဝေးမှထပ်ဆွေးနွေးပါတယ်။စနေ၊တနင်္ဂနွေခံသွားလို့နောက်တပတ်အင်္ဂါမှစာထွက်နိုင်တော့မယ် တဲ့။ပြသနာက 22.5.2017 မှာရှုတင်ကပုပ္ပါးမှာတည်ပြီးနေပြီ။ဒါမျိုးကဒို့လောကမှာဖြစ်နေကျ ။ ဖြေရှင်းခဲ့တဲ့အစဉ်အလာကလည်းဟိုးအရင်ကထဲကရှိပြီးသား။ ရိုက်ရက်အခက်အခဲကြောင့် ရိုက်ကူးခွင့်ပြုပါရန် နဲ့ ထောက်ညွှန်ချက်အတိုင်းလိုက်နာရိုက်ကူးပါ့မည်ဆိုတဲ့ခံဝန်ချက်နဲ့ ခွင့်ပြုခဲ့တဲ့သာဓကတွေလည်းရှိခဲ့တယ်။ ခုလည်းထုတ်လုပ်သူကခံဝန်ချက်နဲ့ ရုပ်ရှင်အစည်းအရုံး မှာရိုက်ကူးခွင့်တင်ခဲ့ပြီးမှရိုက်နေတာပါ။ နောက်ဆုံးအရေးယူရင်တောင် ထုတ်လုပ်သူနဲ့ဒါရိုက်တာဘဲအရေးယူခံရမှာပါ ။ ဒီကားမှာကိုယ်ကသရုပ်ဆောင် ၊ အချင်းချင်းတွေဘဲကွာ ကိုယ်ချင်းစာပေးလိုက်ပါ ဝိုင်း

၃။ 29.4.2017 နေ့က ဝန်ကြီး ကိုယ်တိုင်ဦးဆောင်ပြီးဆင်ဆာကိစ္စဆွေးနွေးခဲ့တဲ့ပွဲမှာဆုံးဖြတ်ချက်(၃) ခုထွက်တယ်။မထုတ်ပြန်သေးတဲ့အတွက်ထုတ်လုပ်သူတွေ၊ဒါရိုက်တာတွေကဖုံးဆက်မေးကြတယ်၊ဇာတ်လမ်းတင်တော့လည်းအရင်လိုဘဲဖြတ်နေတုန်းဘဲတဲ့။ဒါကြောင့်တာဝန်ရှိသူတယောက်အနေနဲ့အကျိုးအကြောင်းဖုံးဆက်မေးရတယ်လေ။အဲဒါကိုမင်းက အဲဒီဘက်ကနေ ရှေ့နေလိုက်နေတော့ ကိုယ်လည်းနားမလည်တော့ဘူး။
READ  ရန်ကုန်တွင် သင်္ကြန်မဏ္ဍပ်များ ပိတ်ပင်ခြင်းအပေါ် ဒီဂျေပညာရှင် ကိုဝိုင်းနှင့်တွေ့ဆုံခြင်း

( ပိုက်ဆံမျက်နှာတခုတည်းကြည့်ပြီးကားရိုက်နေတယ်ဆိုတာတော့ ကိုယ်မရှင်းတော့ပါဘူး ။ ဒါပေမယ့် ကိုယ်ဆိုရင်တော့ ဒီလိုစကားမျိုး ဘယ်သူ့ကိုမှပြောမှာမဟုတ်ဘူး)” လို့ ပြန်လည်ဖြေရှင်းထားပါတယ်။

ဒါရိုက်တာဝိုင်း မှလည်း ယင်းဖြေရှင်းထားတဲ့ပတ်သတ်ပြီး အခုလို ထပ်မံဝေဖန်ထားပါသေးတယ်။

“ကိုလူမင်း ခင်ဗျာ ကျနော် ဒီကိစ္စကို ဝန်ကြီး နဲ့တွေ့စဉ်အချိန်ကတည်းကတင်ပြပီးဖြစ်သလို… အရေးယူဖို့လဲပြောခဲ့ပီးသားပါ… ဘာလို့ပြောခဲ့လဲဆိုတော့ ကိုလူမင်း မတိုင်ခင်ရုပ်ရှင်အစည်းအရုံးခေတ်အဆက်ဆက်မှာလဲဇာတ်လမ်းမတင်ပဲရိုက်ကူးခဲ့ရင်ပြင်းပြင်းထန်ထန် သတိပေးအရေးယူခဲ့ကြတာချည်းပါပဲ… အစည်းအရုံးမှာမှတ်တမ်းရှိသလိုကိုလူမင်းလဲသိပီးသားပါ အခက်အခဲဆိုတာလူတိုင်းမှာရှိပေမယ့်ဘယ်လိုအခက်အခဲပဲကြုံကြုံစည်းမျဉ်းစည်းကမ်းဘောင်အတွင်းကပဲဝင်လုပ်ဆောင်သင့်တာပဲမဟုတ်ဘူးလား… ကျန်တဲ့လောကသားအားလုးံကဇာတ်လမ်းမတင်ပဲရိုက်ခဲ့ရင် မခက်ချေဘူးလား…အခုဒီလိုမျိုးဖြစ်တာကိုလူမင်းတာဝန်ယူတဲ့အချိန်မှာတတိယအကြိမ်မြောက်ပါ…အစဉ်အလာတခုဖြစ်သွားခဲ့ရင်မခက်ချေဘူးလား… ကျန်ာပြောတာစိုးရိမ်တာအဲဒီအစဉ်အလာဖြစ်လာမှာစိုးရိမ်လို့ပြောနေတာပါ…ကျနော် ကိုယ်ကျိုးစီးပွားတခုမှမပါဝင်တာမို့လိပ်ပြာသန့်ပါတယ်…. ဒီထက်ကျနော်ရေးလို့ရပေမယ့်…မရေးတော့ပါဘူး.. ကျနော် ဖြစ်စေချင်တာ…နှစ်အဆက်ဆက်စောင့်ထိန်းလာခဲ့ ကြတဲ့စည်းမျဉ်းစည်းကမ်းတွေကို ကိုယ်ကျိုးစီးပွားအတွက်မပျက်ဆီးစေချင်ပါဘူး…

လေးစားစွာဖြင့် ဒါရိုက်တာဝိုင်း
Credit : Myanmar Celebrities
By - Lwin Pyin


No comments:

Powered by Blogger.