Yllix

မဘသအဖွဲ့ကို ဗုဒ္ဓဓမ္မပရဟိတ ​ဖောင်​​ဒေးရှင်းအဖြစ်​ အမည်​​ပြောင်းရန်​ ယ​နေ့ ဆုံးဖြတ်​မည်

မဘသအဖွဲ့ကို ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်းအဖြစ် အမည်ပြောင်းရန် ယနေ့ ဆုံးဖြတ်မည်
==================================
၂၈..၅..၁၇
-
အမျိုး ဘာသာ သာသနာ ကာကွယ် စောင့်ရှောက်ရေး(မဘသ)အဖွဲ့ကို ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖြစ် အမည်ပြောင်းလဲရန် အပါအဝင် မဘသ အမှတ်တံဆိပ် လိုဂိုပြောင်းလဲခြင်း စသည့်ကိစ္စရပ်များကို ယနေ့ အစည်းအဝေး၌ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း မဘသအဖွဲ့ ဗဟို ဦးဆောင်ဆရာတော် ဒေါက်တာ သောပါကမှ မိန့်ကြားသည်။
-
အင်းစိန်မြို့ အောင်ဆန်းတောရ တပ်ဦးကျောင်း၌ မေလ (၂၇ မှ ၂၈) ရက်အထိ ကျင်းပနေသော မဘသအဖွဲ့ဝင်များ အထူး အသိပေး ရှင်းလင်းပွဲ၌ မဘသအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များ၊ မဘသအဖွဲ့ အမည် ပြောင်းလဲရေးနှင့် မဘသအဖွဲ့ လိုဂိုပြောင်းလဲရေးများကို မေလ ၂၈ ရက်၌ ဆုံးဖြတ်သွားမည်ဖြစ်သည်။
-
“ပထမရက်မှာ ဆက်လက် ဆွေးနွေးဆဲရှိသေးတယ်။ မဘသအဖွဲ့ အမည် ပြောင်းလဲရေးနဲ့ မဘသ လိုဂိုပါဝင်မည်”ဟု ဆရာတော် ဒေါက်တာ သောပါကမှ မိန့်ကြားသည်။
-
မဘသ (၄) နှစ်ပြည့် ညီလာခံကို မဟန (နိုင်ငံတော် သံဃမဟာ
နာယက)ဆရာတော်ကြီးများက ခွင့်မပြုခြင်းကြောင့် လက်ရှိအချိန်၌ မဘသ ညီလာခံကို မဘသ အဖွဲ့ဝင်များ အထူး အသိပေး ရှင်းလင်း
ပွဲအမည်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့ အောင်ဆန်းတောရ တပ်ဦးကျောင်း၌ မေလ (၂၇ မှ ၂၈) ရက်အထိ ကျင်းပလျက်ရှိသည်။
-
မဘသအဖွဲ့မှာ သံဃာ့ အဖွဲ့အစည်း အခြေခံ စည်းမျဉ်း အခန်း (၂)၊ အပိုဒ်(၄)နှင့်လည်းကောင်း၊ သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း အခန်း (၂)၊ အပိုဒ် ၃(က)၊ (ခ)တို့နှင့် ညီညွတ်ခြင်းမရှိ၍လည်းကောင်း တရားမဝင် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ၂၀၁၆ ခုနှစ် ဇူလိုင် ၁၁ ရက်၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆုံးဖြတ်ချက် ချခဲ့ရာ မေလ ၂၃  ရက်က ကျင်းပခဲ့သော မဟန (နိုင်ငံတော် သံဃမဟာနာယက) ဆရာတော်များ စုံညီ အစည်းအဝေး
တွင် ထိုဆုံးဖြတ်ချက်ကို အခြေခံ၍ မဘသ ညီလာခံကျင်းပခြင်း မပြုရန် “မဘသအဖွဲ့ အမည်ကို သုံးစွဲခြင်း မပြုရန်နှင့် မဘသ ဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထား ဖြုတ်သိမ်းရန် မဟနဆရာ
တော်ကြီးများက ဆုံးဖြတ်ခဲ့သည်။
-
အဆိုပါ ဆုံးဖြတ်ချက်များကို မဟနအဖွဲ့မှ ဥက္ကဋ္ဌ ဆရာတော်၊ မြို့နယ် သံဃနာယကအဖွဲ့ အားလုံး (ဂိုဏ်းစုံ)၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ သာသနာရေးမှူးများထံ ညွှန်ကြားစာ ပေးပို့ခဲ့သည်။
-
မဟန၏ ဆုံးဖြတ်ချက်ကို လိုက်နာသွားမည်ဖြစ်ကြောင်း မဘသဥက္ကဋ္ဌ ဆရာတော်နှင့် ဒုဥက္ကဋ္ဌ ဆရာတော်ကြီးများက လက်မှတ် ရေးထိုးခဲ့သည်။
=======
the voice
Credit


No comments:

Powered by Blogger.