Yllix

မန်​ချက်​စတာအရီနာ​ပေါက်​ကွဲမှု

မန်ချက်စတာအရီနာပေါက်ကွဲမှု  Update

ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာကို ရဲက ပိတ်ဆို့ထားပြီး ဒီနေ့ မနက်ပိုင်းမှာ ဆေးသိပ္ပံမှုခင်းစစ်ဆေးရေး အလုပ်တွေ ဆောင်ရွက်နေပါပြီ။

အရီနာကွင်းနဲ့ ကပ်လျက်မှာ ရှိတဲ့ ဗစ်တိုးရီးယားဘူတာရုံကို ဒီနေ့ (အင်္ဂါနေ့) တနေ့လုံး ပိတ်ထားမှာ ဖြစ်ပါတယ်။  ရှေ့လမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ အတွက် နိုင်ငံတဝှမ်း မဲဆွယ်နေမှု အစီအစဉ် အားလုံးကိုလည်း ရပ်ထားပါတယ်။

ဝန်ကြီးချုပ် ထရီဇာမေ ဦးဆောင်တဲ့ နိုင်ငံတော် အရေးပေါ် အခြေအနေ အစည်းအဝေး (Cobra) ကျင်းပဖို့ ရှိပါတယ်။  မစ္စမေက ဒီ တိုက်ခိုက်မှုကို အလွန်ဆိုးရွားတဲ့ လုပ်ရပ် အဖြစ် ရှုတ်ချထားပြီး သေဆုံးခဲ့ရသူတွေနဲ့ အတူ သူရပ်တည်နေမယ်လို့ ဆိုထားပါတယ်။

ဂရိတ်တာမန်ချက်စတာရဲတပ်ဖွဲ့က ဒီပေါက်ကွဲမှုမှာ လူ ၁၉ ယောက် သေဆုံးခဲ့ကြောင်း အတည်ပြုထားပြီး လူ ၅၀ လောက် ထိခိုက်ဒဏ်ရာ ရခဲ့တယ် ဆိုပါတယ်။

ဒီနေ့မှာ မန်ချက်စတာတမြို့လုံးမှာလည်း လုံခြုံရေး အထူးတင်းကျပ်ထားပါတယ်။

#ဘီဘီစီမြန်မာပိုင်း


No comments:

Powered by Blogger.