Yllix

ကြားဖြတ်​ ​နှောက်​ယှက်​မှုတရုပ်​ငြ်းဆို

ကြားဖြတ် နှောက်ယှက်မှု တရုတ်ငြင်းဆို

တရုတ်အစိုးရက အမေရိကန်စစ်လေယဉ်တစင်းကို သူတို့ တိုက်လေယဉ် ၂ စင်းက ကြားဖြတ် နှောက်ယှက်ခဲ့တယ်ဆိုတဲ့ သတင်းကို ငြင်းဆိုလိုက်ပါတယ်။  တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သောကြာနေ့ထုတ်ပြန်ချက်မှာ တရုတ်ပင်လယ်ဝါအတွင်း မေ ၁၇ ရက်နေ့က ထောက်လှမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အမေရိကန်လေယဉ်ပျံကို တရုတ်လေယဉ်ပျံက အမျိုးအမည်ဖေါ်ထုတ်ရန် ဥပဒေနဲ့ အညီ လေ့လာစစ်ဆေးခဲ့ခြင်းသာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ 

အမေရိကန် လေတပ်ရဲ့ ပြောကြားချက်အရ နိုင်ငံတကာလေပိုင်နက်မှာ တာဝန်ထမ်းနေတဲ့ WC-135 Constant Phoenix ထောက်လှမ်းရေးလေယဉ်ကို တရုတ်လေတပ်က ဆူခွိုင်း Sukhoi Su 30 တိုက်လေယဉ် ၂စင်းက ကြားဖြတ်နှောက်ယှက်ခဲ့ပါတယ်။ 

WC-135 ဟာ နူကလီယာစမ်းသပ်ဖေါက်ခွဲမှုတွေကို လေထုအတွင်း သဲလွန်စထောက်လှမ်းတဲ့ ဘိုးအင်းကုမ္ပဏီထုတ် လေယဉ်ဖြစ်ပြီး မိုင် ၄ဝဝဝ မရပ်မနား ပျံသန်းနိုင်ပါတယ်။
Credit VOA Burmese News


No comments:

Powered by Blogger.