Yllix

မို​င်းဖြတ်​၌ မိုးသက်​​လေပြင်း တိုက်​ခက်​မူ​ကြောင့်​ လမ်း​ပေါ်သစ်​ကိုင်းများကျိုးကျပြီး ​ကျေးရွာနှစ်​ရွာ ရှိ ........

မိုင်းဖြတ်၌ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့်  လမ်းပေါ်သစ်ကိုင်းများကျိုးကျပြီး  ကျေးရွာနှစ်ရွာရှိ  နေအိမ်နှစ်လုံး အမိုးလန်မှုဖြစ်ပွား
*****************************************

မိုင်းဖြတ်  မေ  ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် ယနေ့  မေလ ၂၄ ရက်၊ ညနေ ၃ နာရီခန့်က မိုးသက် လေပြင်း တိုက်ခတ်မှုကြောင့်  သစ်ပင်မှ သစ်ကိုင်းများ လမ်းပေါ်သို့ ကျိုးကျခြင်း၊ တယ်လီဖုန်းကြိုးတိုင် လဲကျခြင်း နှင့်  ရေအားလျှပ်စစ်မီးတိုင်မှ မီးကြိုးများ ပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့်  ၀မ်ဟွေရပ်ကွက်၊ ပြည်ထောင်စုကားလမ်းမကြီးဘေးရှိ  သစ်ပင်မှ သစ်ကိုင်း များ ကျိုးကျမှုကြောင့်  တယ်လီဖုန်းကြိုးတိုင်များ လဲကျခြင်း နှင့်  ရေအားလျှပ်စစ်မီးတိုင်ရှိ မီးကြိုးပေါ် ကျရောက် သဖြင့် လျှပ်စစ်မီး ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ရာ   မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးစိုးလှိုင် နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်စည်ပင်သာယာရေးဌာန မှ ၀န်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊  ဒေသခံပြည်သူ များနှင့် ကန်လုံရေအားလျှပ်စစ်မှ  တာဝန်ရှိသူများက    ရှင်းလင်းဖယ်ရှားပေးသည်။

ထို့အတူ  မိုင်းဖြတ်မြို့နယ်၊ ၀မ်ပုံကျေးရွာအုပ်စု၊ ၀မ်ကောင်းကျေးရွာတွင် နေအိမ်တစ်လုံး   ဒိုင်းနှင့်သွပ်အမိုး  လန်ခြင်း၊ မိုင်းဖြတ်ကျေးရွာအုပ်စု၊ ၀မ်နောင်ကျေးရွာတွင်   ပျဉ်ကာ၊ သွပ်မိုး နေအိမ် တစ်လုံး အမိုးလန်ခြင်း များဖြစ် ပွားရာ တာဝန်ရှိ သူများက  သွားရောက်၍  လိုအပ်သည်များ  စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်
Ref ; MOI Webportal Myanmar

Credit MUNA


No comments:

Powered by Blogger.