လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်၁၅လုံးပျက်စီးမှု အင်္ဂပူမြို့နယ်တွင် ဖြစ်ပွားခဲ့
လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်၁၅လုံးပျက်စီးမှု အင်္ဂပူမြို့နယ်တွင် ဖြစ်ပွားခဲ့
*****************************************
မင်းထက်မုန်း
အင်္ဂပူ မေ ၂၀၊
ဧရာဝတီတိုင်းဒေသကြီး ၊ အင်္ဂပူမြို့နယ်မှာ ယမန်နေ့ ညနေ ပိုင်းက ရုတ်တရက် လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် တလိုင်းကွင်းကျေးရွာ၊ ဒိုးတန်းကျေးရွာတို့မှ နေအိမ် ၁၅ လုံး အမိုးလန်၊ ပြိုကျ ပျက်စီးမှု ဖြစ်ပွားခဲ့သည်။
အလားတူ ယမန်နေ့ညနေပိုင်းက တိုက်ခတ်တဲ့လေပြင်းကြေင့် လပွတ္တာမြို့နယ် နှင့် ပန်းတနော်မြို့နယ်တို့တွင်လည်း ဘုန်းကြီးကျောင်း အပါအဝင် စာသင်ကျောင်း ဝန်ထမ်းအိမ်ယာနှင့် နေအိမ် အဆောက်အဦးများ သစ်ပင်များ ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့သည်။
လေပြင်းတိုက်ခတ်ခံခဲ့ရသော ကျေးရွာများသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး လေဘေးဒဏ် ခံခဲ့ရသော မိသားစုများအား နီးစပ်ရာကျေးရွာများရှိ ဆွေမျိုးများထံ ယာယီပြောင်းရွေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
Ayeyarwaddy Times
ဓါတ်ပုံ - ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့
No comments: