Yllix

ဒီလို စိတ်​ဓာတ်​ ကို သာဓု​ခေါ်သင့်​ပါတယ်

ရန်ကုန်-မန္တလေး မီးရထားအဆန်လမ်း သံလမ်းအဆက်ပြုတ်နေ ၍ ဒေသခံတောင်သူများက သစ်ကိုင်းဖြင့်အချက်ပြကာ ရထားအား ရပ်တန့်စေခဲ့
*****************************************

ရေတာရှည် မေ ၂၇

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့တောင်ဘက် တံတားကြီးကျေးရွာ သုသာန်အလွန် ရန်ကုန်-မန္တလေးအဆန်လမ်းပိုင်း မိုင်တိုင် (၁၉ဝ/၃) တွင် ရထားလမ်း အဆက်ပြုတ်နေသည်ကို ဒေသ ခံတောင်သူများက မေ ၂၆ ရက် နံနက် ၇ နာရီ ၄၅ မိနစ်က တွေ့ရှိခဲ့ကြပြီး အဆိုပါလမ်းအတိုင်း မောင်းနှင်လာသော ကုန်တင်ရထားအား သစ်ကိုင်းဖြင့် အချက်ပြကာရပ်တန့်စေခဲ့ကြောင်း သိရသည်။

ဆွာမင်းလမ်းကျေးရွာအုပ်စု တံတားကြီးကျေးရွာနေ ဦးမြင့်ဆွေက လယ်တောသို့ ရထားလမ်းအတိုင်းလာစဉ် ရထားလမ်းအဆက် ပြုတ်ထွက်နေသည်ကိုတွေ့ရှိခဲ့ပြီး ၎င်းတွေ့ရှိချိန်၌တောင်မှမြောက်သို့ ကုန်တင်ရထားတစ်စီး မောင်းနှင် လာသည်ကို မြင်တွေ့ရသည့်အတွက် တစ်ရွာတည်းနေ ကိုမြင့်ခိုင်က ရထားလမ်းအနီးရှိ သစ်ပင်ကိုင်းကို ချိုး၍ ရထားအားအချက်ပြ ရပ်တန့်စေခဲ့ခြင်းဖြစ်သည်။

ထိုသို့ရထားရပ်တန့်ပြီး သံလမ်းအဆက်အား စက်ခေါင်းမောင်းနှင်သူနှစ်ဦးနှင့် ဒေသခံတောင်သူများက ပြန်လည်တပ်ဆင်ရန် ကြိုးပမ်းဆောင်ရွက်နေစဉ် ဆွာမြို့နေ ရထားလမ်းကြံ့ခိုင်ရေး ဝန်ထမ်းဖြစ်သော ဦးတင်ဝင်းရောက်ရှိလာခဲ့ပြီး ပြန်လည်တပ်ဆင်ခဲ့ရာ ၁၅ မိနစ်ခန့် အကြာတွင် ပြီးစီးသွားခဲ့သည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတစ်လျှောက် နေ့ဘက် အပူချိန် ပြင်းလွန်းခြင်းနှင့် ညဘက်မိုးရွာသွန်းသည့် အအေးဓာတ်ခံ ရာသီဥတုတို့ကြောင့် ရထားလမ်းပိုင်းကျုံ့ခြင်း၊ ဆန့်ခြင်း သဘောတရား ဖြစ်ပေါ်တတ်ကြောင်း စက်ခေါင်းမောင်းတစ်ဦးက သုံးသပ်ပြောကြားသည်။

ရထားလမ်းပိုင်းတွင် တပ်ဆင်ထားသော သံလမ်းအဆက်များ၌ မူလီတိုင်နှင့် မူလီခေါင်းများမှာ နှစ်သက်တမ်း ကာလကြာမြင့်လာသည်နှင့် အမျှ လိုင်းရစ်များပြုန်းခြင်းတို့ဖြစ်ပေါ်လျက်ရှိပြီး ရထားများဘေး အန္တရာယ်ဖြစ်ပွား မှုမရှိစေရန် အရည်အသွေးကောင်းမွန်သော မူလီတိုင်များ အစားထိုးလဲလှယ်သင့်ကြောင်း သုံးသပ်ပြောကြား မှုများလည်းရှိသည်။

ထို့အပြင် ရထားလမ်းပိုင်းကြံ့ခိုင် ရေးလုပ်ငန်းများအတွက် ဝန်ထမ်းအင်အားနည်းပါးခြင်းကြောင့် ချုံနွယ်ပိတ် ပေါင်းများ ထူထပ်စွာ ပေါက်ရောက်နေသည်ကို ရှင်းလင်း နိုင်ခြင်းမရှိသကဲ့သို့ ယခုလို ဖြစ်ရပ်များကို အထူးသတိပြု ဆောင်ရွက်ရန်လည်း လိုအပ်ချက်များရှိနေသည်။

ကိုလွင်(ဆွာ)
Ref; MOI


No comments:

Powered by Blogger.