Yllix

မိုးကြိုး ထိမှန်​သဖြင့်​ အမျိုးသမီး တဦး​သေဆုံး

မိုးကြိုးထိမှန်သဖြင့် အမျိုးသမီးတဦး သေဆုံး
==============================

ရန်နိုင်
မေ၂၀ ၂၀၁၇

မေလ ၁၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အင်္ဂပူမြို့နယ် ကွင်းကောက်ဒေသ နွားနက် ကွင်းကျေးရွာ  လယ်ကွင်းထဲတွင် ကောက်ရိတ်နေသူ  ဒေါ်ကျူကျူသင်း ၊ဒေါ်ရီရီမြင့် တို့ထဲမှ ဒေါ်ရီရီမြင့်သည် မိုးကြိုးပစ်ခံရသောကြောင့် သေဆုံးခဲ့ပြီး
ဒေါ်ကျူကျူသင်းမှာ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဟု သိရပါသည်။

ဒေါ်ရီရီမြင့် (၅၂)နှစ် သည်မိုးကြိုးပစ်ခံရသောကြောင့် ယာဘက်ခန္ဓာကိုယ် တခြမ်းမဲ၊ ယာဘက်နား သွေးထွက်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင်သေဆုံးခဲ့ပါသည်။

သေဆုံးမှုနှင့် ပတ်သက်၍ ကွင်းကောက် ရဲစခန်းမှ သေမှုသေခင်း ၄/၂၀၁၇ ဖြင့် အမှုဖွင့်ထားကြောင်း အင်္ဂပူမြို့နယ်မှ တာဝန်ရှိသူတဦးထံမှ သတင်းရရှိပါသည်။

လက်ရှိကာလသည် မိုးကြိုးကာလဖြစ်ပြီး မိုးတိမ်တောင်များ မကြာခဏဖြစ်ထွန်းလေ့ရှိတာကြောင့် မြင့်မားသောနေရာများနှင့် မြေကွက်လပ်များ လယ်ကွက်များအတွင်း အသွားအလာပြုလုပ်ကြလျှင် သတိထား သွားလာကြရန် မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

မိုးတိမ်တောင်များဖြစ်ထွန်းနေချိန်တွင် ညနေပိုင်းနှင့် ညပိုင်းအချိန်များ၌ မိုးကြိုးပစ်ခြင်း မိုးသီးကြွေခြင်း လေပြင်းတိုက်ခြင်း မိုးသည်းထန်စွာရွာသွန်းခြင်းတို့ ဖြစ်ပွားတတ်ကြောင်း ဒေါက်တာထွန်းလွင် သတိပေးချက်တွင် ပါဝင်သည်။  
                                            
The Ayeyarwaddy Times
Credit. Ayerawaddy Times


No comments:

Powered by Blogger.