အသက်ငယ်နဲ့ဆိုင်ကယ် ပေးစီးသော မိဘများ ဖတ်ထားကြပါ
ဓါတ်တိုင်အား ဆိုင်ကယ်ဖြင့်ဝင်တိုက်မိသဖြင့် အသက်မပြည့်သေးသည့် ကလေးငယ်၃ဦး သေဆုံး
****************************************
မေ ၂၁
ဓါတ်တိုင်ကို ဆိုင်ကယ်နဲ့ဝင်တိုက်မိတာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်၃ဦး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
တာချီလိတ်ခရိုင်အတွင်းမှာ ဒီနေ့ ညနေ ၄နာရီအချိန်က ဖြစ်ပွားခဲ့တာဖြစ်ပြီး မိုင်းဖုန်းဘက်ကနေ တာချီလိတ်မြို့ကို သွားနေတုန်း မိုင်းဖုန်း(ခ) အုပ်စု ဝမ်တုံကျေးရွာရှိ လမ်းဘေးဓါတ်တိုင်ကို အရှိန်နဲ့ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။
အသက်မပြည့်ကလေးငယ်တွေဟာ တာချီလိတ်မြို့ပေါ်မှာနေထိုင်တဲ့ ၁၅နှစ်အရွယ် ကလေး၂ဦး နဲ့ ၁၃နှစ်အရွယ် ကလေးတဦး စုစုပေါင်း ၃ဦးဖြစ်ပြီး ဆိုင်ကယ်တစီးကို စီးလာကြတာဖြစ်တယ်လို့ သိရပါတယ်။
ဝင်တိုက်မှုကြောင့် ထွန်းလင်းနိုင် ၁၅နှစ် စိုင်းမျိုးထွေး၁၅နှစ် နဲ့ ထက်အာကာဇော် ၁၃နှစ်တို့ သေဆုံးသွားကြတာဖြစ်ပါတယ်။
#MUNA
Photo - Ko Hla Moe
Credit myanmar update news agency
No comments: