မိုးဦးရာသီများ သတိထားကျပါ ဖုန်းကြောင့်အသက်ဆုံးရှုံးနိုင်ပါသည်
22-5-2017 ညနေ ၅:၂၀ ခန့်တွင် ဖားကန့်မြို့
နယ် လုံးခင်းအုပ်စု ဆန်ခါရွာအနီး တောက်ပကြယ်လုပ်ကွက် ကားလမ်းပေါ်တွင် ရေမဆေးရှာပြီး ပြန်လာသော ရေမဆေးရှာသူ မောင်ဂမ်ပလွှတ် ကချင် အသက်(၂၀)နှစ် ကို
မိုးကြိုးလျှပ်စီး လိုက်မိပြီး သေဆုံးသွားခဲ့ပါသည်။
လုံးခင်း ရပ်ကွက်(၄) မအားဘီကုန်စုံဆိုင်တွင် နေထိုင်ပြီး ကျောက်ရှာလာသူဟု သိရပါသည်။
ဖားကန့်/လုံးခင်း/ကံဆီး စသည့်ဖားကန့်ဒေသ
သည် မိုးကြခါနီးချိန်တွင် မိုးကြိုးပစ်ခြင်းလျှပ်စီးလိုက်ခြင်း များ နှစ်စဉ်ကြုံကြရ၏။
ထို့ကြောင့် လျပ်စီး မိုးကြိုး များရှိချိန်တွင် ဖုံး
များကို ချက်ခြင်းပိတ်ထား သင့်ပါသည်။
သေဆုံးသူမှာတော့ ဖုံးပါ၏မပါ၏တော့မသိရသေးပါ လွယ်အိတ်တော့ပါ ပါတယ်။
ဒီနေ့ညနေ ၆:၄၀ ခန့်မှာပဲ လုံးခင်းတိုက်နယ်ဆေးရုံ ရင်ခွဲရုံ သို့ သင်္ဂဟ နာရေးကားဖြင့် သယ်ဆောင်သွားခဲ့ပါတယ်။
Aung Myint Thu
Credit lashio media
No comments: