Yllix

ညီမနှစ်​ဦးကို တရုတ်​ဇနီးမယားအဖြစ်​ ​ရောင်းချသည့်​ အကိုဖြစ်​သူကို ဖမ်းမိ

ညီမနှစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ရောင်းချသည့် အစ်ကိုဖြစ်သူကို ဖမ်းမိ
Sunday, May 21, 2017

ကျိုင်းတုံမြို့နယ်တွင် အသက် ၁၇ နှစ်ခန့်အရွယ် ညီမတော်စပ်သူ နှစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ရောင်းချခဲ့သည့် အစ်ကိုဖြစ်သူကို ယနေ့ (မေလ ၂၁ ရက်) နံနက် ၃ နာရီခွဲခန့်က ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။

မိုင်းပန်လယ် ကျေးရွာအုပ်စု ပိန်းအုပ်ရွာနေ အသက် ၃၅ နှစ်ခန့်အရွယ် ကျမူးဆိုသူသည် မေလ ၁ ရက်နေ့က အသက် ၁၇ နှစ်ခန့်အရွယ်ရှိ ညီမအရင်း တစ်ဦးနှင့် ညီမဝမ်းကွဲ တော်စပ်သူတစ်ဦးတို့ကို အထူးဒေသ (၄) မိုင်းလားမြို့၌ အလုပ်ရရှိမည်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့ပြီး တရုတ်နိုင်ငံ၌ တရုတ် ဇနီးမယားများအဖြစ် ငွေကြေး ရယူကာ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှ ဒုစခန်းမှူး ရဲအုပ်မောင်မောင်သင်းက ပြောကြားသည်။

“ရောင်းချခံရတဲ့ မိန်းကလေး နှစ်ဦးကို ကယ်တင်နိုင်ဖို့နဲ့ လွတ်နေတဲ့ တရားခံနှစ်ဦးကို ဖမ်းမိဖို့ စုံစမ်းနေတယ်”ဟု အဆိုပါ အမှုစစ်အရာရှိ လည်းဖြစ်သူ ၎င်းက ဆိုသည်။

The Voice


No comments:

Powered by Blogger.