ရော်နယ်ဒိုက ရိုဒရီဂက်စ်နှင့် ချစ်ကြိုက်နေကြောင်း တရားဝင်ကြေညာလိုက်ပြီ
ရော်နယ်ဒိုက ရိုဒရီဂက်စ်နှင့် ချစ်ကြိုက်နေကြောင်း တရားဝင်ကြေညာ လိုက်ပြီ
==============================
ref ; Mirror
မေ ၂၆
ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ သူ့ရဲ့ရည်းစားဖြစ်သူ ဂျော်ဂျီနာရို ဒရီဂက်ဇ်တို့ ဟာနောက်ဆုံးမှာတော့သူတို့ရဲ့ချစ်သူဖြစ်မှုကို အင်စတာဂရမ်ပေါ်မှာ တင်ပြီးတရားဝင်ဖြစ်စေခဲ့ပါပြီ။
တစ်နှစ်အကြာချိန်းတွေ့ခဲ့ပြီးနောက်မှာတော့ ဘောလုံးသမားအကျော်အမော်ဟာ သူတို့နှစ်ဦးရဲ့ အိမ်မှာအတူတူရှိနေတဲ့ ဓာတ်ပုံကို လိုင်းပေါ်ကို ကြုံတောင့်ကြုံခဲတင်ခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ် ကြယ်ပွင့်ရော်နယ်ဒိုက ပုံကို အသည်းပုံလေးနဲ့ ရိုးရိုးရှင်းရှင်း တင်ထားခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့ ရိုက်ကူးမှု မှာ ဂျော်ဂျီနာဟာ အ၀ါရောင်မီနီဂါဝန်လေးဝတ်ဆင်ထားပြီး ၊ရီးရဲမက်ဒရစ်ကစားသမားကတော့ မီးခိုးရောင်ဘောင်းဘီ နဲ့ အဖြူရောင် တီရှပ်ကိုဝတ်ဆင်ထားပြီး ချစ်သူအပေါ်မှာလက်တစ်ဖက်တင်ထားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက မက်ဒရစ်မြို့လယ်မှာ အသက် ၂၂ အရွယ်ရှိတဲ့အချောအလှလေးကို နွေရာသီးအ၀တ်အစားလာဝယ်စဉ်တွေ့ခဲ့တာဖြစ်ပြီး ၊ လျှင်လျှင်မြန်မြန်ပဲ ချဉ်းကပ်ခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့နည်းဗျူဟာအလုပ်ဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီး မြန်မြန်ဆန်ဆန်ချစ်သူတွေဖြစ်သွားကြကာ ပြီးခဲ့တဲ့ဇန်န၀ါရီမှာကျင်းပခဲ့တဲ့ ဖီဖာနှစ် စဉ် ဘောလုံး ဆုပေးပွဲမှာလည်း အသက်ရှုမှားဖွယ် အမည်းရောင် ၀တ်စုံလေး ၀တ်ဆင်ပြီး ရော်နယ်ဒိုနဲ့သူ့ရဲ့ခြောက်နှစ်အရွယ်သားငယ်နဲ့အတူ ဆုပေးပွဲကို လာရောက်အားပေးခဲ့ပါတယ်။ ။
Thomas
#MIM
Credit
No comments: