လူငယ်တွေ ကိုယ့်ဘ၀ကို သတ်နေကြတာ မူယစ်ဆေးဝါး သုံးစွဲပြီး ဘ၀ကို အဲ့လိုအဖြစ်မခံကြနဲ့
မူယစ်ဆေးဝါး ဘိန်းဖြူ သုံးစွဲရာ ရှော့ခ်ဖြစ်ပြီး လူတဦးသေဆုံး
**************************************
ကသာ၊ မေ ၂၂
ကသာမြို့နယ်သာစည်ကျေးရွာမှာ အရက်သေစာ သောက်စားပြီး ဘိန်းဖြူ မူးယစ်ဆေးဝါး သုံးစွဲခဲ့လို့ ရှော့ ခ် ဖြစ်ပြီး လူတဦးသေဆုံးခဲ့ပါတယ်။
မေလ (၁၉) ရက် ည (၉) နာရီ အချိန်ခန့် ကသာစည်ကျေးရွာနေ ကျော်ဆန်းဝင်းနှင့် ၄င်း၏ ပထွေးတော်စပ်သူ ဝင်းကို တို့ နှစ်ဦး အရက်အတူ သောက် ပြီး ပြန်လာခဲ့ကြရာ
တရွာတည်းနေ သစ်လွင်ဦး နှင့် လမ်းမှာ တွေ့ဆုံခဲ့ကြပြီး မူးယစ်ဆေးဝါး ဘိန်းဖြူ သုံးစွဲလိုသဖြင့်
မြစ်ဆိပ်ကမ်းကို ဆိုင်ကယ်နဲ့ အတူသွားခဲ့ကြပြီး သစ်လွင်ဦးမှ ဝင်းကိုရဲ့ လက်မောင်းထဲကို မူးယစ်ဆေး ဘိန်းဖြူ ထိုးပေးစဉ် ရှော့ခ် ဖြစ်ပြီးပါးစပ်မှ အမြုပ်များထွက်ကာ သေဆုံးခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသူ ဝင်းကို (၃၇) နှစ်ကို ဆိုင်ကယ်နဲ့တင်ပြီး ခေါ်ဆောင်လာချိန်က လမ်းမှာ ကျကျန်ရစ်ခဲ့တဲ့ သေဆုံးသူဝင်းကိုရဲ့ ဖိနပ်တစ်ဖက်နဲ့ ခေါ်ဆောင် လာသူတို့ ကျကျန်ခဲ့တဲ့ ဖိနပ်တစ်ဖက်တို့ကို တွေ့ရှိခဲ့ပြီး ၄င်းသဲလွန်စများအား တိုက်ဆိုင်စစ်ဆေးကာ ဒီနေ့ (၂၂.၅.၂၀၁၇) ရက်နေ့မှာ အမှုမှန်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
ကသာမြို့နယ် သာစည်ကျေးရွာတွင် နေထိုင်သူ
ကျော်ဆန်းဝင်း (၂၅) နှင့် သစ်လွင်ဦး (၂၇) နှစ် တို့ နှစ်ဦးကို ဖမ်းဆီးအမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း ကသာမြို့မ ရဲစခန်းမှ သိရှိရပါတယ်။
By - မြင့် လွင် (ကသာ)
Credit. Myanmar update news agency
No comments: