Yllix

ကယ်​ မီဒီယွာကျင့်​ဝတ်​ ကို မလိုက်​နာလို့တဲ့​လေ မီးရှိုးရတာပါတဲ့

""မီဒီယာကျင့်​ဝတ်​ကိုတိတိကျကျမလို​က်​နာခဲ့၍မြတ်​မန္တလာထွန်းExpressယာဉ်​ကိုမီးရှို့ခံရခြင်းဖြစ်​" ဆိုပီး သတင်းလေ့လာ
စောင့်ကြည့်သူတစ်ဦး၏ ရွှေတံခါးမှူး ချစ်သူ မှတဆင့်
တင်ပြစာ
==============================
မေလ၁၉ရက်​​နေ့ည​နေ၃:၁၅နာရီ​လောက်​မှာရှမ်း(​မြောက်​ )၊
ကွတ်​ခိုင်​မြို့နယ်​၊ခိုမုံး​ကျေးရွာနီး၊လားရှိုး-မူဆယ်​ပြည်​​ထောင်​စု
လမ်းမကြီးမိုင်​တိုင်​၂၅၇နားမှာမူဆယ်​-မန္တ​လေး-ရန်​ကုန်​​ပြေးဆွဲ​နေ​တဲ့
"မြတ်​မန္တလာထွန်း"ခရီးသည်​တင်​Expressယာဉ်​ကိုKIAအကြမ်း
ဖက်​​သောင်းကျန်းသူလက်​နက်​ကိုင်​အဖွဲ့၁၀ယောက်​​လောက်​က
မီးရှို့ဖျက်​ဆီးခဲ့တာ​တွေ့ရပါတယ်​။

အဲ့ဒီExpressကားဟာမူဆယ်​က​နေ​နေ့​လည်​၂:၀၀နာရီမှထွက်​လာ
တာဖြစ်​ပြီး​တော့ကား​ပေါ်မှာယာဉ်​​မောင်း၂ဦး၊ယာဉ်​​နောက်​လိုက်​၂ဦး၊
ယာဉ်​လိုင်းကခွင့်​သွားမယ့်​၁ဦးနဲ့ခရီးသည်​၃၁ဦး​ပေါင်း၃၆ဦးပါရှိ
လာပါတယ်​၊KIA​သောင်းကျန်းသူ​တွေဟာယူနီ​ဖောင်းအစိမ်း​ရောင်​​တွေ
ဝတ်​လာပြီးလက်​နက်​​တွေကိုယ်​စီပါရှိပြီး​တော့လမ်း​ဘေးက​နေ
ရုတ်​တရက်​ထွက်​လာပြီးကားကိုရပ်​တန့်​ခိုင်း၊ခရီးသည်​​တွေကိုဘာမှ
မယူဘဲဆင်းခိုင်းတယ်​၊

အားလုံးဆင်းပြီး​တော့ကားရဲ့ပစ္စည်းထည့်​တဲ့Boxကြီး​တွေကိုဖွင့်
ခိုင်းပြီး​တော့အသင့်​ယူလာကြတဲ့ဓာတ်​ဆီပုံး၎ပုံးဖျန်းပြီးမီးရှို့​တော့
တာပါပဲ၊ပြည်​သူလူထု၃၆​ယောက်​က​တော့အဝတ်​တစ်​ထည်​ကိုယ်
တစ်​ခုနဲ့ဒုက္ခ​ရောက်​ကြပြီးကွတ်​ခိုင်​လားရှိုးကိုဒိုင်​နာကားကြုံ၂စီးနဲ့
ဆက်​ထွက်​သွားရပါတယ်

ဒီ​နေရာမှာ​သောင်းကျန်းသူအဖွဲ့ရဲ့​ခေါင်း​ဆောင်​လို့ယူဆရသူက
ယာဉ်​​မောင်းကိုစာအိတ်​တစ်​အိတ်​​ပေးပြီး"မင်းတို့ကုမ္ပဏီသူ​ဌေး​တွေ
စောက်​အသုံးမကျလို့မင်းတို့ကိုဒီလိုလုပ်​ရတာလို့"​ပြောသွားပါတယ်
အဲဒီစာက​တော့အားလုံonlineမှာ​တွေ့ပြီးဖြစ်​မှာပါ။

ဒီ​နေရာမှာကျ​နော်​ကလဲonlineသတင်း​စောင့်​ကြည့်​တာဝါသနာ
ပါ​တော့ဘာသွား​တွေမိသလဲဆိုရင်​ပြီးခဲ့တဲ့​အေပြီ၂၀ရက်​​လောက်​ကfacebook Lashio MediaမှာKIAအကြမ်းဖက်​​သောင်းကြမ်း
သူအဖွဲ့ကအ​ဝေး​ပြေးယာဉ်​လိုင်း​တွေကိုဆက်​​ကြေး​တောင်းတဲ့
စာ​တွေတင်​ထားရာမှာစာနဲ့စာအိတ်​​ပေါ်မှာ"မြတ်​မန္တလာထွန်း
ကားဂိတ်​"ဆိုပြီးထင်​ထင်​ရှားရှား​တွေ့ရပါတယ်​၊

ဒါဟာအဓိကအကျဆုံးမီဒီယာရဲ့ဂရုမစိုက်​မှု၊အ​လေးမထားမှု၊စဉ်းစား
ဆင်​ခြင်​​တွေး​ခေါ်​မြော်​မြင်​နည်းမှုနဲ့အားနည်းမှုကို​ဖော်​ပြလိုက်​တာပါပဲ​မေလ၁၉ရက်​​နေ့ကမီးရှို့ခံလိုက်​ရတဲ့"မြတ်​မန္တလာထွန်း"ကားဟာ
ဒါ​ကြောင့်​ရှို့ခံရတာပါပဲဒါက​တော့Lashio Mediaရဲ့အကြီးမားဆုံး
မီဒီယာချိုး​ဖောက်​မှုပါပဲ

ဒီလိုမစဉ်းစား​မဆင်​ခြင်​ပဲတင်​လိုက်​လို့ယာဉ်​ဆုံးရှုံး၊ပြည်​သူ​တွေရဲ့​ရွှေ၊
ငွေ၊ပစ္စည်း​တွေဆုံးရှုံးခဲ့ရပါပြီအမှန်​ဖြစ်​သင့်​တာက​တော့Facebook
မှာတင်​မယ်​ဆိုရင်​ဒီစာ​တွေ၊စာအိတ်​​တွေ​ပေါ်ကမြတ်​မန္တလာထွန်းဆို
တာမပါ​အောင်​ဖျက်​ပြီးတင်​ရမှာပါသတိမမူလိုက်​မိလို့ပါဆို​ရ​အောင်
လဲမီဒီယာအလုပ်​လုပ်​စားမှ​တော့အစစအရာရာသတိထားရမှာ
ပေါ့အခု​တော့မဖြစ်​သင့်​ဘဲဆုံးရှုံးခဲ့ရပါပြီ။

မဖြစ်​သင့်​ဘဲဆိုတာကဒီ"KIAအကြမ်းဖက်​​သောင်းကျန်းသူ"လို့
နာမည်​တပ်​ထားတာကိုကမမှားပါဘူးဘာဖြစ်​လို့လဲဆို​တော့သူတို့
KIAကဦးစီးသူ​တွေနဲ့လက်​​အောက်​ငယ်​သား​တွေအချိတ်​အဆက်
မမိတာရယ်​ စာမတတ်​တာ​တွေရယ်​​ကြောင့်​ပါ

အဖြစ်​မှန်​က​တော့"မြတ်​မန္တလာထွန်း"ယာဉ်​လိုင်းဟာKIAအဖွဲ့က
မသမာသူ ​တွေဆီကိုမသထာ​ကြေး​ပေးထားပြီးပြီလို့ကြားသတင်း
တွေအရသိရပါတယ်​။ဒါကိုအချိတ်​အဆက်​မမိ၊စာ​ပေမတတ်​မရှိတာ
ထက်​မသိတာခက်​​တော့ ​အောက်​​ခြေအဖွဲ့​တွေကအ​ပေါ်မှာကား
သမားကို​ပြောသွားသလို အပြစ်​ဖို့ပြီးယာဉ်​မီး​လောင်​ဆုံးရှုံး၊ပြည်​သူ
တွေရဲ့ပစ္စည်းဥစ္စာဆုံးရှုံးဒုက္ခ​ရောက်​ခဲ့ရတာပါပဲ။

ဒါ​ကြောင့်​အချုပ်​​ပြောရရင်​မီဒီယာကျင့်​ဝတ်​နည်းလမ်းမမှန်​ခဲ့တဲ့
Lashio Mediaကိုမြတ်မန္တလာထွန်းကုမ္ပဏီကတရားစွဲသင့်​ပါတယ်
(အ​မေရိကန်​မှာလိုဆိုရင်​​ဒေါ်လာသန်းချီရမှာပါ )Lashio Media
က​တော့အစစအရာရာအ​သေးစိတ်​ကအစအထူးဂရုပြုဆင်​ခြင်
သွားသင့်​ပါ​ကြောင်းအကြံပြုလိုက်​ရပါတယ်

                              သတင်း​စောင့်​ကြည့်​​လေ့လာသူတစ်​ဦး"
Credit


No comments:

Powered by Blogger.