ကမ္ဘောဒီးယားကို အနိုင်ယူပြီး မြန်မာအမျိုးသမီးယူ၁၅ အသင်းတတိယဆုရရှိ
ကမ္ဘောဒီးယားကို အနိုင်ယူပြီး မြန်မာအမျိုးသမီး ယူ ၁၅ အသင်း တတိယဆု ရရှိ
Sunday, May 21, 2017
အာဆီယံအမျိုးသမီး ယူ ၁၅ ပြိုင်ပွဲ တတိယလုပွဲကို မေ ၂၀ ရက်က လာအိုနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအမျိုးသမီးအသင်းက ကမ္ဘောဒီးယားကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရပြီး တတိယဆု ရယူနိုင်ခဲ့ပါတယ်။
မြန်မာယူ ၁၅ အသင်းအတွက် အနိုင်ဂိုးတွေကို ဇင်မာထွေး၊ စုပြည့်ပြည့်ကျော်နဲ့ မြတ်နိုးခင်တို့က သွင်းယူခဲ့ပါတယ်။
ဗိုလ်လုပွဲစဉ်မှာတော့ ထိုင်းအမျိုးသမီး ယူ ၁၅ အသင်းက ဖိလစ်ပိုင်ကို ၆ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။
အာဆီယအမျိုးသမီး ယူ ၁၅ ပြိုင်ပွဲကို အာဆီယံဒေသတွင်းနိုင်ငံ ၉ နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။
မြန်မာအမျိုးသမီးယူ ၁၅ အသင်းကို အခြေခံပညာကျောင်း တွေနဲ့ အားကစားနဲ့ကာယပညာ သိပ္ပံကျောင်းတွေက ကစားသမားတွေနဲ့ ၂ လကြာ လေ့ကျင့်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
DVB
No comments: