TNLA အဖွဲ့မှ လားရှိုးမြို့ပေါ်ရှိ ဟိုတယ်များအားစာအိတိထဲတွင် ကျည်ဆံထည့်၍ ငွေတောင်းခံစာများပေးပို့
24-5-2017
TNLA အဖွဲ့မှ လားရှိုးမြို့ပေါ်ရှိ ဟိုတယ်များအား စာအိတ်ထဲတွင် ကျည်ဆံထည့်၍
ငွေတောင်းခံစာများ ပေးပို့
============================
24-5-2017
၂၀၁၇ခုနှစ်၊ မေလ ၂၃ရက်နေ့၊ ည ၇နာရီအချိန်ခန့်တွင် TNLA သောင်းကျန်းသူအဖွဲ့မှ တရုတ်နိုင်ငံလုပ် 125 အမျိုးအစား(နံပါတ်မပါ) ဆိုင်ကယ် ၁ စီးဖြင့် ဘောင်းဘီရှည် (အနက်ရောင်)၊ အင်္ကျီ(ဖြူ/နက်ကြား)၊ ရှမ်းလွယ်အိတ်၊ ကင်းပတ်ဖိနပ် စီးထားသည့် အသက် ၂၀ နှစ်ခန့်ရှိ လူငယ် ၁ဦးအပါအ၀င် စုစုပေါင်း လူငယ် ၆ ဦးတို့မှ ဆိုင်ကယ် ၃စီး(၁စီးလျင် ၂ဦး)ဖြင့် လားရှိုးမြို့ပေါ်ရှိ ဟိုတယ်များသို့ ဆက်ကြေးတောင်းခံစာများ လိုက်လံပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထိုသို့ပေးပို့ခဲ့ရာတွင် ဆက်ကြေးတောင်းခံစာနှင့်အတူ စာအိတ်ထဲတွင် M-20 အမျိုးအစား ကျည်ဆံ ၁တောင့်စီပါထည့်၍ စာအိတ် ၁အိတ်စီအား ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆက်ကြေးတောင်းခံစာပေးပို့ခံရသည့် ဟိုတယ်များမှာ-
(၁) ည ၈နာရီ ၁၅မိနစ် အချိန်ခန့်တွင် ရက်ကွက်(၁)ရှိ နယူးပဲလေ့(စ်) ဟိုတယ်။
(၂) ည ၇နာရီ ၅၀မိနစ် အချိန်ခန့်တွင် ရက်ကွက်(၃)ရှိ သီတာအေး ဟိုတယ်။
(၃) ည ၇နာရီခွဲ အချိန်ခန့်တွင် ရက်ကွက်(၈)ရှိ Galaxy ဟိုတယ်။
(၄) ည ၇နာရီခွဲ အချိန်ခန့်တွင် ရက်ကွက်(၈)ရှိ Mansu ဟိုတယ်။
(၅) ည ၇နာရီ ၃၅မိနစ် အချိန်ခန့်တွင် ရက်ကွက်(၃)ရှိ ရွှေကိန္ဒရာ ဟိုတယ်။
(၆) ည ၇နာရီ ၄၀မိနစ် အချိန်ခန့်တွင် ရက်ကွက်(၂)ရှိ ရထိုက် ဟိုတယ်။
(၇) ည ၇နာရီ ၄၅မိနစ် အချိန်ခန့်တွင် ရက်ကွက်(၁၂)ရှိ Silver Sky ဟိုတယ်။
(၈) ည ၇နာရီ ၅၅မိနစ် အချိန်ခန့်တွင် ရက်ကွက်(၇)ရှိ စန်းရွှင် ဟိုတယ်။
(၉) ည ၈နာရီ ၁၀မိနစ် အချိန်ခန့်တွင် ရက်ကွက်(၂)ရှိ Royal Ground ဟိုတယ်။ တို့ဖြစ်ကြသည်။
ဖော်ပြပါ ဟိုတယ်များအား TNLAများမှ စာအိတ်ထဲတွင် M-20 အမျိုးအစား ကျည်ဆံ ၁တောင့်စီထည့်၍ ခြိမ်းခြောက် ငွေကြေးတောင်းခံစာများ ပေးပို့ခဲ့သည်။ ထို့နောက် ည ၈နာရီ ၁၅မိနစ်ခန့်တွင် ဆက်ကြေးတောင်းခံစာအား လိုက်လံပေးပို့ခဲ့သည် TNLA သောင်းကျန်းသူများ၏ ဆိုင်ကယ်သည် ရပ်ကွက် (၁)ရှိ နယူးပဲလေ့(စ်) ဟိုတယ်မှ ထွက်ခွာသွားကြောင်းသိရှိရသဖြင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။
Credit #မိုင်းဥာဏ်
#YMC>>Ko Min &ဖြိုးဝေသိန်း
No comments: