မိဘ သတ်တာ ခံ လိုက်ရတဲ့ သမီး တစ်ယောက် or လူသတ်ပေမဲ့ထောင်မကျသော အမူများ
ဘဝထဲကစာ စာထဲကအတွေး အတွေးထဲက သတိ သတိရှိစေဖို့ ပြန်လည်မျှဝေအပ်ပါသည် 😭😭😭
(ဝမ်းနည်းစရာဖြစ်ရပ် ------ရွှေဘိုများရောက်သွားပြီလား ) မိဘများသည် မိမိရဲ့သားသမီးကို မိမိဖြစ်စေချင်သည့် ပုံစံခွက်ထဲ အတင်းအဓမ္မမထည့်မိဖို့သားသမီးရဲ့ခံစားချက်တွေကိုလည်းနာသိရှိဖို့ ရေးသားလိုက်ပါသည် ။ ရွာကလေး မှာ စည်းကားလိုက်တဲ့လူတွေ ငိုသူကငို ရှိုက်သူကရှိုက် လက်သီးလက်မောင်းတန်းသူကတန်း ကြီးကြီးငယ်အားလုံးလူတွေ မျက်ဝန်မှာ မျက်ရည်အပြည့် နှမြောတသသ ယူကြုံးမရ လွမ်းဆွတ်မှု့ က တစ်ပုံတစ်ပင်နှင့် ပန်းခွေကိုယ်စီကိုင်သူငယ်ချင်းများနဲ့စည်ကားနေတဲ့ မဖြိုး ခေါ် သားဖွားဆရာမလေး၏သံဝေဂဥာဏ် ညံစေတဲ့နောက်ဆုံးခရီးကားလွမ်းမောဖွယ်ရာမြင်းကွင်း။ မဖြိုးမွေးဖွာရာဇာတိ ရွာလေးက အိမ်ခြေအားဖြင့်(၉၀)ကျော်ရှိသည့်ရွာလေးသည် တောင်သူလုပ်ငန်းများဖြင့်သာအသက်မွေးမြူနေကြရပါတယ်။ လောကီအတတ်ပညာဘွဲ့ရသူက တစ်ရွာလုံး ၅ယောက်မပြည့်ပါဘူး ဒီလိုထဲ မိဘတွေက စီးပွားရေးပင်ပင်ပန်းပန်းရှာဖွေရင်း မိမိရဲ့သားမီးကိုအောင်မြင်ကျော်ကြားသည့် ပညာတတ်ကြီးဖြစ်ချင်တာကလွဲ၍ ဘာဘဲလုပ်လုပ်ရ မိမိသားသမီးကောင်းစားပြီးရော့
ဒါပေမဲ့ မိမိချစ်တာသည် ချစ်ရာမရောက် နစ်ရာရောက်လေတော့သည် ။
နွေရာသီကျောင်းပိတ်ပြီဆို မဖြိုးတစ်ယောက် ပျော်ပြီလေ နှစ်လုံးပေါက်ပညာသင်နေလာရာကနေ မိဘဆွေမျိုးသားချင်း ရွာကသူငယ်ချင်တွေနဲ့ တွေ့ရတော့မှာမို့ သူငယ်ချင်းတွေအတွက် လက်ဆောင်တွေဝယ် ကားလက်မှတ်ဖြတ် မမောနိုင်မပန်းနိုင် အထုတ်လေးတွေပြင် ရွာကိုကြိုဖုန်းဆက်ပြီး သမီးပြန်လာပါတော့မယ်စသည်ဖြင့်ပေါ့ အသက်အရွယ်ကလည်း (၂၀) ဆိုတော့ တက်ကြွနေတာပါဘဲ ။ သူငယ်ချင်တွေလက်ပြနှုတ်ဆက် အထုတ်ဆွဲကာ ကားဂိတ်ကိုထွက်လာခဲ့ပါတော့တယ်။ ကားစထွက်ပြီဆိုတော့အတွေးလေးနဲ့
ဒီတစ်ခါ သားဖွားဆရာမ စာမေးပွဲဖြေပြီး အလုပ်ခန့်စာကျတော့မယ့် လ လည်းဖြစ်တော့ ပိုပြီးပျော်တာပေါ့ ကားပေါ်စီးရင်း အတွေးလေးနဲ့ပျော်နေခဲ့သည် ရွာမှာဟိုကအရင်က သားဖွားဆရာမရှိခဲ့ဘူးတော့ပိုပြီ ကိုယ့်ကိုဂုဏ်ယူမိတယ် မြို့တွေ့အသီးသီး ကားကဖြတ်ကျော်လျှက် ရွာကိုလည်းဖုန်းလေးဆက်ပြီး အဖေ အမေတို့ဘယ်ချိန်ဆိုရောက်မယ့်ပေါ့ အပျော်ပီတီတွေပြည့်နှက်နေခဲ့ရင်း ကားစီးလာလိုက်တာ ဇာတိရွာနဲ့နီးလာလေ ရွာရဲ့အငွေ့သက်တွေခံစားမိလေလေပါဘဲ ကားဂိတ်ရောက်တော့ ဘယ်သူမှလာမကြို တစ်ယောက်ထဲ လက်ဆွဲအိတ်လေးဆွဲပြီး ဖြေဖြေးချင်းသာ လျှောက်လာတော့ခဲ့ပါတယ် တစ်ယောက်စ နှစ်ယောက်စ နှုတ်ဆက်သူကဆက်ကြပါတယ် သားဖွား ဆရာမလေးဖြစ်တော့မယ်သူဆိုတော့ တက်ကြွနေပါ့လား စကြနောက်ကြပေါ့ ။ အိမ်ရောက်တော့ ခြောက်ကပ်ကပ် နဲ့အထင်နဲ့အမြင်လွဲခဲ့ပြီ အဖေ အမေတို့ သမီးပြန်လာတာ ကားဂိတ်လာကြိုမယ်ထင်နေတာ အခုဘာဖြစ်နေ ကြတာလဲ အေးအေးဆေးဆေးသွားနားယူ အဖေကအော်လိုက်ပါသည် ဘာဖြစ်မှန်းမသိတဲ့မိဘတွေ က အေးအေးစက်စက်ပြောလိုက်တဲ့စကားကြောင့် အမော့ဆို့သွားတာပါဘဲ မောမောနဲအိပ်ပစ်လိုက်တော့သည် ညနေ အိပ်ရာနိုးလာတော့ အဖေက အသောက်သွား အမေက တစ်ဗြစ်တောက်တောက်နဲ့ ပေါ့ ဒီလို့နဲ့နေ့စဉ်နေ့တိုင်း ဘီးလူးဆိုင်းတီးနေတာတော့ပါဘဲ။ တစ်ရက်လည်းမဟုတ် အချိန်နဲ့ အမျှရန်ဖြစ်နေတော မိဘရဲ့နွေးထွေးမှု့မေတ္တာတရားခမ်းခြောက်ခဲ့တာ မဖြိုးအတွက်များခဲ့ပါပြီ ဟိုဟာမလုပ်ရ ဒီဟာမလုပ်နဲ့ ချုပ်ချယ်မှု့တွေကလဲ ရင်နှင့်မဆန့်ကြားနေရ မဖြိုး ကိုယ့်ကိုဘာအမှားမှမလုပ် လုပ်လည်းမလုပ် လုပ်မှာလဲမဟုတ် ဒါပေမဲ့ မိဘတွေက သူတို့ဖြစ်ချင်တဲ့ဆန္ဒကို သူတို့ဘာသာ ပုံစံသွင်း အရုပ်ပမာထားလာကြပြီ ကော်ပတ်ရုပ်လိုပါဘဲ နေရတာမပျော်မွေ့ မိဘတွေနဲ့နွေးနွေးထွေးထွေးနေဖို့ ပြန်လာတာ မဖြိုးအထင်နဲ့အမြင်လွဲပြီပေါ့ အိမ်မှာ မိဘတွေကစီးပွားရှာဘဲသွားကြနေ့တော့ တစ်ယောက်ထဲနေရတဲ့ရက်တွေများလာတယ်
ရှိတော့လည်းရန်ဖြစ်အပြစ်ရှာ ဘယ်မှာငါ့အတွက်ပျော်မွေ့ဖွယ် စိတ်ချမ်းသာဖွယ်ရှိမည်နည်း ။စိတ်ကျဉ်ကြပ်မှုတွေမျာလာပါပြီ မောင်လေးကလည်း မြို့မှာ ကျောင်းတက် ပတ်ဝန်ကျင်ကြပြန်တော့လည်း အမေအဖေရန်ဖြစ်လို့မလာကြနဲ့ မျက်ရည်မိုးတွေရွာခဲ့တာများပါပြီ ကိုယ်တိုင်းလည်းဘယ်သူနဲ့မှ ရန်မဖြစ် သူများရန်ဖြစ်တာလည်းမကြိုက် ပိုဆိုးတာ အဖေနဲ့ အမေ ရန်ဖြစ်တာအဆိုးဆုံးဘဲ သူတို့ကို ရန်မဖြစ်စေလိုပါ အဖေ အမေတို့ဖြစ်ချင်တဲ့အတိုင်းသမီးကြိုးစားပါ့မယ် ဒီတိုင်းဆက်ပြီးရန်ဖြစ်နေမယ်ဆို အဖေအမေတို့အတူမနေချင်တော့ဘူး ဒါပေမဲ့မိဘများသည် သမီး ပြောသောစကားကို သာမာန်အဆင့်လောက်သာမှတ်ယူနေကြပြီး သားသမီးခံစားချက်ကိုနားလည်မပေးနိုင် ဂရုမစိုက်သည့်အမူရာသာသပြခဲ့ကြသည်။ အဲဒီနေ့ကတော့ မဖြိုးရဲ့ အမိုက်မှောင်ဆုံးနေရက်မထင်မှတ်ဘဲရောက်လာခဲ့ပါပြီ အဖေနဲ့ အမေ တစ်ညလုံးဖြစ်လိုက်တဲ့ရန် အဖေအမေ တော်ကြပါတော့ သမီးမနေချင်တော့ဘူး ပြောသော်လည်း ဖြစ်မြဲဖြစ်နေသည် မိုးလင်ကားနီးတော့ မဖြိုးတစ်ယောက်အဖေရင်ခွင်ထဲဦးခေါင်းထိုးကာ အဖေအမေ သမီး ဆေးတွေသောက်လိုက်ပြီ အချိန်မမီလိုက်တော့ဘူး ပေးဆပ်မှုကြီးမားသွားလေပြီ သုဿာန်အပြန်လမ်းမှာတင် စာတစ်စောင်ရောက်လာသည် အလုပ်ခန့်စာ ရွှေဘိုမြို့ပြည့်သူဆေးရုံတဲ့ ယူကြုးမရ နောင်တတွေ သံဝေဂတွေ ဘဝသင်္ခန်းစာတွေ တစ်ပုံကြီးပေးကာ နှုတ်မဆက်ဘဲ ရုပ်တရက်ထွက်ခွါသွားလေပြီ မိဘများသင်္ခန်းစာယူနိုင်ပါစေ
( မောင်ဒန်)အသိတရားရစေလို့တဲ့ဆန္ဒဖြင့်သာ
ဗိုလ်ဗိုလ်
No comments: