Yllix

အိန္ဒိယက ချင်းလူမျိုး​တွေ မြန်​မာပြည်​ ပြန်​ပို့

အိန္ဒိယက ချင်းလူမျိုးတွေ မြန်မာပြည်ပြန်ပို့

ချင်းပြည်နယ်က အမျိုးသမီးနဲ့ကလေးငယ်အများစုပါတဲ့ လူပေါင်း ၃၃၈ ယောက်ဟာ ဒေသမတည်ငြိမ် မှုကြောင့် နယ်စပ်ဖြတ်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲထွက်ပြေးခိုလှုံလာတဲ့အတွက် အာသံရိုင်ဖယ် တပ်ကကူညီစောင့်ရှောက်ထားပြီးတဲ့နောက် မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ်ပြီး သူတို့ကို မူလဒေသဆီ မေလ ၂၄ ရက်နေ့မှာပြန်ပို့လိုက်ပြီလို့ သိရပါတယ်။

အဲဒီဒေသကို ရခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေရောက်လာတဲ့အတွက် ရွာသားတွေက စစ်ဖြစ်မှာ စိုးရိမ်ပြီးထွက်ပြေးကြတာလို့ဆိုပါတယ်။ ရောက်လာတဲ့သူတွေကို ဆေးတပ်ဖွဲ့နဲ့လူသားချင်းစာနာမှု ထောက်ပံ့ရေးအဖွဲ့ပါတဲ့ အာသံရိုင်ဖယ်တပ်က ကူညီခဲ့ပြီး၊ လုံလုံခြုံခြုံနဲ့ စိတ်အေးအေးထားပြီး ပြန်နိုင်အောင်စီစဉ်ပြီးမှ မြန်မာဖက်ကိုပြန်လွှဲပေးလိုက်တာလို့သိရပါတယ်။
Credit RFA Burmese


No comments:

Powered by Blogger.