ဝင်းဦးတံတားမှာ ဟွန်းတီးပါ
"ဝင်းဦးတံတားမှာဟွန်းတီးပါ"
---------------------------------------------
ဝင်းဦးတံတားဟုဆိုလျှင်ဝါရင့်ယာဉ်မောင်း
ကြီးတွေတော်တော်များများသိကြသည်။သီပေါ
နှင့်ကျောက်မဲကြား သီပေါမြို့နယ်ပုံဖန်းရွာအနီး
သီပေါမှ ၆ မိုင်ခန့် အကွာ၌တည်ရှိသည်။
အထက်လမ်း၌မန္တလေး-လားရှိုးအစုန်အဆန်
သွားရထားလမ်းတည်ရှိပြီးအောက်လမ်း၌
မန္တလေး-မူဆယ်အစုန်အဆန်သွားပြည်ထောင်စု
လမ်းမကြီးတည်ရှိသည်။
ဝင်းဦးတံတားဟုခေါ်တွင်ရသည့်အကြောင်း
မှာ ၁၉၆၇ ခုနှစ် နိုဝင်ဘာလအတွင်း ရုပ်ရှင်
သရုပ်ဆောင်ဝင်းဦးပါဝင်သည့်"ကျောက်မဲ
အကျဉ်းသား"ဇာတ်ကား ဇာတ်ဝင်ခန်းကိုအဆွဲပြု
၍ မှည့်ခေါ်ထားခြင်းဖြစ်သည်။
အဆိုပါဇာတ်ကား၌ သရုပ်ဆောင်ဝင်းဦးသည်
မန္တလေးမှသီပေါ ၎င်း၏ပြိုင်ကားဖြင့်လာစဉ်
ဘန့် ဘွေးထမင်းဆိုင်တွင်ထမင်းဝင်စားသည်။
ထိုစဉ် တကိုယ်တော် လူဆိုး ဦးအောင်လွင်က
ဝင်းဦး၏ကားကို မောင်းယူထွက်ပြေးသွားသည်။
ဝင်းဦးက ကုန်ရထားဖြင့်လိုက်သည်။အဆိုပါ
တံတားအနီးအရောက်တွင် ကျောက်မဲဘက်မှ
မောင်းလာသည့် ဦးအောင်လွင်ကားဖြင့်ဆုံသည်။
ဝင်းဦးက ရထားပေါ်မှအောက်ကားလမ်းပေါ်သို့ 
ခုန်ချ၍၎င်း ၏ကားကို ပြန်လည် တိုက်ခိုက်ရယူ
သည့်အခန်းဖြစ်သည်။အဆိုပါဇာတ်ဝင်ခန်းကို
အစွဲပြု၍ 'ဝင်းဦးတံတား'ဟုခေါ်သည်မှာယနေ့ 
တိုင်ခေါ်နေခြင်းဖြစ်သည်။
တိုးတက်များပြားလာသောယာဉ်အရေအတွက်
ကြောင့်ဝင်းဦးတံတားအဝင်အထွက်နှင့်အောက်
များ၌ ကားအချင်းချင်းသော်လည်းကောင်း'ကား
ဖြင့်ဆိုင်ကယ်သော်လည်းကောင်းယာဉ်မတော်
တဆမှုများဖြစ်ကာ အသက်ဆုံးရှုံးမှုများကြုံရ
သကဲ့သို့ ထိခိုက်ဒဏ်ရာရရှိမှုလည်းများစွာဖြစ်
ပွားခဲ့ရသည်။
သို့ ပါ၍အဆိုပါနေရာအနီးဖြတ်သန်းကြသည့်
ယာဉ်များအနေဖြင့် အဝင်အထွက် ဟွန်းတီးကာ
သွားလာရန်လိုအပ်သကဲ့သို့ အရှိန်လျော့သတိပြု
မောင်းနှင်ဖို့ လိုအပ်ကြောင်းတိုက်တွန်းလိုက်ရ
ပါသည်။သတိပေးဆိုင်းဘုတ်များလည်းစိုက်ထူ
ပေးပါရန် အကြံပြုပါသည်။
Ko Nay Ko Nay
Credit.lashio news
No comments: