Yllix

ရှမ်းပြည်​​မြောက်​ပိုင်း လုံတ​ကျေးရွာမှ ​ခြေရာ​တော်

" လုံတကျေးရွာမှ ခြေတော်ရာ "

လားရှိုးမြို့ နဲ့  ၃၅.၅ မိုင်အဝေးမှာ မုံးယော်ကျေးရွာ ရှိပါတယ်။ မုံးယော်ကနေ နောက်ထပ် မိုင် ၂၀ လောက်ဆက်သွားရင်
ပလောင်ရွာတစ်ရွာ ရောက်ပါတယ်။ လုံတ ရွာပါ။
လုံတရွာကနေ နောက်ထပ် ၂ မိုင်လောက် ဆက်သွားရင်
လွယ်ဆန့် တောင်ရှိပါတယ်။
အဲဒီ လွယ်ဆန် တောင်ပေါ်မှာတော့ ယခုပုံမှာမြင်ရတဲ့အတိုင်း
ခြေတော်ရာ ရှိပါတယ်။ ဒါ့အပြင် တင်ပလ္လင်ခွေတော်မူအရာ လည်း ရှိပါတယ်။ ဘုရားခြေတော်ရာလား၊ ပစ္စေကဗုဒ္ဓာခြေတော်ရာလား၊ ရဟန္တာခြေတော်ရာလား သေချာမသိရပေမယ့် လားရှိုးမြို့ က ပျံလွန်တော်မူသွားပြီဖြစ်တဲ့ ကန်မိန်းကျောင်း ဆရာတော်နဲ့  မိုင်းဖုန်းဆရာတော်တို့  တရားကျင့်ကြံအားထုတ်လေ့ရှိတဲ့နေရာလို့ 
ဒေသခံများက ပြောပါတယ်။
-
-
-
#မူရင်းတင်ထားသူအားခရက်ဒစ်ပေးပါတယ်
ShinAggawansa@panpwint
#Edkza


No comments:

Powered by Blogger.