Yllix

ဘစ်​ကား​ပေါ် ညစ်​ညမ်ရုပ်​ရှင်​ကြည့်​ခဲ့သည့်​ထိုင်းဘုန်းကြီးရုပ်​သံ ​ဝေဖန်​မှုမြင့်​တက်

ဘတ်စ်ကားပေါ် ညစ်ညမ်းရုပ်ရှင်ကြည့်ခဲ့သည့် ထိုင်းဘုန်းကြီးရုပ်သံ ဝေဖန်မှုမြင့်တက်
Monday, May 22, 2017

ဘတ်စ်ကားတစီးပေါ်မှာ ညစ်ညမ်းရုပ်ရှင်ကားကြည့်ခဲ့တဲ့ ထိုင်းဘုန်းကြီးတပါးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ပြီးနောက် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ဒီအဖြစ်အပျက်ဟာ လွိုင်အီခရိုင်ကနေ ဥဒုံဌာနီခရိုင်ဆီအသွား ဘတ်စ်ကားတစီးပေါ်မှာ ဖြစ်ခဲ့ပြီး မျက်မြင်တွေ့ရှိသူတဦးက ဖုန်းနဲ့ ရိုက်ယူထားခဲ့တာ ဖြစ်တယ်လို့ ဒေးလီးနယူးစ်သတင်းမှာ မေလ ၂၁ ရက်နေ့က ဖော်ပြပါတယ်။

မျက်မြင်တွေ့ရှိသူ အသက် ၁၉ နှစ်အရွယ် ဝစ်တဝပ် ဝေါင်ဟာဂျပ်ခ်က ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ အင်တာနက် အသုံးပြုသူတွေဟာ စိတ်ဆိုးဒေါသထွက်ခဲ့ကြပြီး ဝေဖန်မှုတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့တာပါ။

သူဟာ ကားပေါ်မှာရှိနေချိန် ညစ်ညမ်းရုပ်ရှင်ကားထဲမှ လိင်ဆက်ဆံနေကြတဲ့ အသံတွေကို ကျယ်ကျယ်လောင်လောင် ကြားလိုက်ရတာဖြစ်ပြီး ဒါဟာ ဆယ်ကျော်သက်တယောက်ယောက် ကားပေါ်မှာ ကြည့်နေတာဖြစ်မယ်လို့ ထင်ခဲ့ကြောင်း ဆိုပါတယ်။

ဒါပေမယ့် သူဟာ အဲဒီအသံကြားရာဆီ လိုက်ကြည့်ခဲ့ချိန်မှာတော့ အသက် ၃၀ အရွယ်လောက်ရှိမယ့် ဘုန်းကြီးတပါးက ကြည့်ရှုနေခဲ့တာကို တွေ့ခဲ့ရတာပါ။

ဝစ်တဝပ်ဟာ ဒါကို တားမြစ်ဖို့ စဉ်းစားခဲ့ပေမယ့် မကြာသေးခင်က ဖြစ်ခဲ့တဲ့ ဘုန်းကြီးတွေနဲ့ ပဋိပက္ခတွေကြောင့် ရုပ်သံရိုက်ကူးဖို့ပဲ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရုပ်သံဗွီဒီယိုဖိုင်ကိုကြည့်ရှုပြီး အရေးယူနိုင်ရေး ဒီဘုန်းကြီးကို တယောက်ယောက်က မှတ်မိစေဖို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။

DVB


No comments:

Powered by Blogger.