Yllix

မိုးရွာ လျှင်​ သတိရှိကြပါ

လယ်ကွင်းအတွင်းအမျိုးသားတဦး မိုးကြိုးပစ်ခံရ
*************************

လားရှိုးမြို့နယ် မိုင်းတင်အုပ်စုရှိ လယ်ကွင်းအတွင်းမှာ မနေ့ (မေ၂၆) နေ့လည်ပိုင်းက မိုးပြင်းထန်စွာရွာပြီး မိုးကြိုးပစ်ခံရတာကြောင့် လူတဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
အလားတူ ယမန့်နေ့က ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှာ မိုးကြိုးပစ်ချခဲ့လို့ နွား၂ကောင်သေဆုံးကာ သစ်ပင်တပင် နှစ်ခြမ်းကွဲထွက်သွားတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

မိုးကြိုးတွေပစ်ချတတ်တဲ့မိုးတိမ်တောင်အန္တရာယ်ကို သိပြုကြဖို့ မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။
မိုးကြိုးတွေဟာ မွန်းလွဲ ညနေပိုင်းတို့မှာအဖြစ်များတာကြောင့် မြင့်မားတဲ့နေရာတွေနဲ့ ကွင်းပြင် လယ်ကွင်းတွေအတွင်း သွားလာကြရင် သတိပြုကြဖို့လိုပါတယ်။
မေ ၂၇
ဓါတ်ပုံ - ရှမ်းမလေး နန်း
Credit MUNA


No comments:

Powered by Blogger.