Yllix

ပ​ထွေးဆိုးတိုင်​ ယုံကြည့်​လို့မရဘူး သမီး ရှိတဲ့ ​မေ​မေ​တွေ ရင်​ပူးရတယ်

(၁၄)နှစ်အရွယ်မယားပါသမီးကိုကိုယ်ဝန်(၃)လရ
အောင် သားမယားအဖြစ်ပြုကျင့်တဲ့လူကို
မြို့မရဲကဖမ်းလိုက်ပြန်ပြီတဲ့
===========================
ပဲခူးမြို့၊မြို့မရဲစခန်းအပိုင်၊ကမာနတ်ကျေးရွာ လွန်ခဲ့သော(၄)လခန့်က ပထွေးဖြစ်သူမှ ဇနီးဘက်မှပါသော(၁၄)နှစ်အရွယ်သမီးအား
သားမယားဖြင့်ပြုကျင့်မှုအား (၂၅.၅.၂၀၁၇)နေ့ တွင်အဘွားအရင်းဖြစ်သူမှ ပဲခူးမြို့မရဲစခန်းသို့လာရောက်တိုင်ကြားခဲ့ကြောင်းသတင်းရရှိသည်။
ဖြစ်စဉ်ကတော့ ကမာနတ်ကျေးရွာနေအဘွားဖြစ်သူ ဒေါ်ရီ(၅၈)နှစ်
သည် မြေးအရင်းဖြစ်သူ မ----(၁၄)နှစ်၊ကျောင်းမနေ သည်နေအိမ်
၌ အော့ကန်ပြီး ဗိုက်ပူခါးတုတ်နေ၍ မူမမှန်သဖြင့် ကိုယ်ဝန်ရှိ/
မရှိ တိုင်းတာသည့် ဆီးတိုင်းတုတ်ဖြင့်တိုင်းတာခဲ့ရာ ကိုယ်ဝန်(၃)လရှိနေကြောင်းသိရှိရသဖြင့် မြေး
ဖြစ်သူ မ----အားမေးမြန်းခဲ့ရာ လွန်ခဲ့သော (၄)လခန့်က ဆော့ကစားနေစဉ် ပထွေးဖြစ်သူ ညိုမင်းခန့်၊
(၃၇)နှစ်၊(ဘ)ဦးဖိုးပါ၊ကျဘမ်းလုပ်၊ကွင်းအမှတ် ၆၄၂ ရွှေနံသာကွင်း၊ကမာနတ်ကျေးရွာနေသူသည်
ဆွဲခေါ်သွားပြီး ပါးစပ်ပိတ်ကာ သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့ပြီး မိခင်ဖြစ်သူအား ပြန်လည်ပြောပြလျှင်သက်ပစ်မည်ဟု
ကြိမ်းမောင်းသွားကြောင်းသိရှိရသဖြင့် အဘွားဖြစ်သူ ဒေါ်ရီမှ စခန်းသို့သွားရောက်တိုင်ကြားခဲ့ရာ စခန်းမှ (ပ)၇၈၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆ဖြင့်အမှုဖွင့်အရေးယူထားကြောင်း
သတင်းရရှိသည်။

#Edkza@Ko Thant Zin
Credit


No comments:

Powered by Blogger.