Yllix

တခါတ​လေး အလွဲ​လေ​တွေရှိ​တော့လည်း ငိုမလာရယ်​ရမလား မသိ

ငွေဆောင်တွင် နာရေးပို့ဆောင်ရန်လမ်းမရှိ၍ ငါးရက်ပြည့်သော်လည်း အလောင်းမြေချလို့မရဖြစ်နေ
**************************************

ဟိန်းစိုးလင်း ကျော်မင်းဟန်
မေ ၂၅ ရက် (ငွေဆောင်)

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့
အမှတ် ၂ ရပ်ကွက်တွင် အသုဘချရန် လမ်းမရှိ၍ အဆိုပါရပ်ကွက်မှ သေဆုံးသူ ဦးတိုး (၆၇ နှစ်) ၏ရုပ်အလောင်းအား ငါးရက်ကြာသည်အထိ မြေချလို့မရသည့်အခက်အခဲ ကြုံတွေ့နေကြောင်း သတင်းရရှိသည်။

ငွေဆောင်မြို့၊ ဇီးမှော်ကုန်းအိမ်စုတွင်နေထိုင်သူ ဦးတိုး
၆၇ နှစ်သည် မေလ ၂၀ ရက်နေ့က ကွယ်လွန်ခဲ့ပြီး ၂၂ ရက်နေ့တွင်နာရေးပို့ဆောင်သင်္ဂြိုလ်ရမည်ဖြစ်သော်လည်း အသုဘချမည့်လမ်းကို ငွေဆောင်မြို့နေ မိသားစုတစ်စုမှ အုတ်တံတိုင်းခတ်ကာ ဂိုထောင်ဆောက်ထားခြင်း
တခြားလမ်းမှ အသုဘချရန်အတွက်လည်း ဒေသခံများက လက်မခံခြင်းတို့ကြောင့် အခက်အခဲ ကြုံတွေ့နေခြင်း ဖြစ်သည်။

"ငါးရက်ပေါ့နော်။ မသဂြိုင်္လ်ရတာ ရပ်ဓလေ့ရွာဓလေ့အရ
အစုန်လမ်းရယ် အဆန်လမ်းရယ်မှာ တဖက်ကလည်း ဘိုးဘွားပိုင်မြေဆိုပြီး လမ်းပိတ်ထားပြီးတော့ အမှု့အခင်းလည်းဖြစ်နေတဲ့အတွက် ထွက်လို့မရဘူးပေါ့။
တောင်ဘက်လမ်းက အဆန်လမ်းဖြစ်နေပြီး
ရပ်ဓလေ့ရွာဓလေ့အရ ထွက်မရဘူး။ အဲ့ဒါကြောင့် ဘယ်လမ်းက ထွက်လို့ထွက်ရမှန်းမသိပဲ အခုလိုမြေမချရသေးဘူးဖြစ်နေတယ်။
၇ ရက်ကြာလို့မှ မသဂြိုင်္လ်ရဘူးဆိုရင် အလောင်းကို သက်ဆိုင်ရာကိုအပ်မယ်"လို့ကွယ်လွန်သူ ဦးတိုး၏သားဖြစ်သူကိုငြိမ်းကျော်မှပြောသည်။

ငွေဆောင်မြို့၊ အမှတ် ၂ ရပ်ကွက် ဇီးမှော်ကုန်းအိမ်စု၏ တောင်ဘက်နှင့် မြောက်ဘက်တွင် သက်ဆိုင်သော မြေပိုင်ရှင်များရှိပြီး မြောက်ဘက်ကို အစုန်လမ်း တောင်ဘက်ကိုအဆန်လမ်းအဖြစ် ဒေသဓလေ့အရ သတ်မှတ်ထားပြီး လမ်းနှစ်ဘက်စလုံးတွင် အကာအရံများရှိနေသည်ကို တွေ့ရသည်။

လမ်းပိတ်နေ၍့ ငါးရက်ကြာသည့်တိုင်သဂြိုင်္လ်၍မရသည့် ပြသနာကို ယမန်နေ့က ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ပုသိမ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးအောင်သူထွေးနှင့် တာဝန်ရှိသူများ လာရောက်၍ ခြံပိုင်ရှင်များနှင့် ဖြေရှင်းညှိနှိုင်းသော်လည်း ပြေလည်မှု့မရခဲ့ကြောင်း သိရသည်။

သဂြိုင်္လ်မည့်ရက်ကြာနေသည့်အတွက်အသုဘ လာသူတွေကိုလည်းကျွေးနေရပြီး ရပ်ကွက်အတွင်း အပုပ်နံ့များ မထွက်ရအောင်ရေခဲဖြင့် အလောင်းကို ထားရတာကြောင့် တရက်ကို တသိန်းနီးပါး ကုန်ကျနေကြောင်း ကျန်ရစ်သူမိသားစုများထံမှ သိရသည်။

"ဌာနဆိုင်ရာတွေကအစုန်ရယ်အဆန်ရယ်မရှိဘူးလို့ ပြောတယ်။ ဒါဆို သယ်ချင်တဲ့နေရာကသယ်လို့ ပြောလိုက်တယ်။ ဒီလမ်းက အစုန်အဆန်မရှိဘူးဆိုရင် ကြိုက်တဲ့လမ်းက အမတို့ကခွင့်ပြုခွင်ပြုပြီးသား။ ခုကတော အိမ်ကြိုအိမ်ကြားက သယ်မယ်ဆိုတော့ အမတို့ကတင်မက တရပ်ကွက်လုံးကလည်း လက်မခံနိုင်ပါဘူး"လို့ ကွယ်လွန်သူ၏ အိမ်ရှင်လည်းဖြစ်ပြီး ဇီးမှော်ကုန်းအိမ်စုတွင်နေထိုင်သူ ဒေါ်မြင့်မြင့်စိန်မှပြောသည်။

အသုဘချမရသည့် ပြသနာကြုံတွေ့နေသာ ငွေဆောင်မြို့၊
အမှတ် ၂ ရပ်ကွက်ဇီးမှော်ကုန်းအိမ်စုတွင် လွန်ခဲ့သော ၁၁ လ ခန့်ကလည်း ယခုကွယ်လွန်သော ဦးတိုး၏သမီးအရင်း ကွယ်လွန်ခဲ့စဉ်က
အလောင်းသယ်ယူရန် လမ်းမရှိသည့်ပြသနာ ကြုံခဲ့ဘူးပြီး ၇ ရက်ကြာမှ အလောင်းမြေချ သဂြိုလ်နိုင်ခဲ့ကြောင်း သိရသည်။

ဟိန်းစိုးလင်း ကျော်မင်းဟန်
ကျော်သက်ထွေး
Credit


No comments:

Powered by Blogger.