တပ်မတော်သား အငြိမ်းစား လက်ရှိ အစိုးရအမှုထမ်းရေးတဲ့ား
ယနေ့ အကြိုက်ဆုံးပိုစ့်
====================
တပ်မတော်သား အငြိမ်းစား လက်ရှိ အစိုးရအမှု့ထမ်း ရေးတဲ့စာ
===========================================
ဒီနေ့ကျနော်နေထိုင်တဲ့ အိမ်ရာနားက ရွှေနံ့သာအားကစားကွင်းမှာ သာသနာရေးဝန်ကြီး
နုတ်ထွက်ပေးဖို့ ဆန္ဒထုတ်ဖော်ပွဲလုပ်တယ်..ဘယ်လိုလေးလဲလို့ အပြင်ကနေကားနဲ့
တစ်ပတ်ပတ်ကြည့်တယ်.....ပြီးတော့သက်ပြင်းချပြီး အိမ်ပြန်လာခဲ့ပါတယ်.....။
ကျနော်မေးချင်တာလေးလည်း မေးကြည့်ချင်ပါတယ်
ကျနော်ဥာဏ်တိမ်ရင်လည်း ကျနော့်လေ့လာဆည်းပူးပါဦးမယ်..။
(၁) ဘာသာခြားများသည် ဒီမိုကရေစီအစိုးရတက်လာမှ မြန်မာနိုင်ငံသို့ အင်နဲ့အားနဲ့
ရောက်လာတာပါလား။
(၂) သာသနာရေးဝန်ကြီးနုတ်ထွက်ပေးရင် ရခိုင်ကဘင်္ဂါလီတွေ မြန်မာနိုင်ငံကနေ
ထွက်သွားပေးမှာလား။
(၃)သာသနာရေးဝန်ကြီးနုတ်ထွက်ပေးရင် ဗုဒ္ဓဘာသာမှတပါး အခြားဘာသာတွေနဲ့ အခြားဘာသာရေးအဆောက်အဦတွေပျောက်ကွယ်သွားမှာလား။
(၄)သွယ်ဝိုက်ပြီးသံဃာသင်းခွဲတဲ့လုပ်ရပ်ဖြစ်နေတာကိုရောသတိမူမိပါသလား။
(၅)ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ငွေကိုယ်သုံးပြီး အာ့လောက်လူများစွာညီညီညွတ်ညွတ်နဲ့
ဆန္ဒပြဖို့ယာဉ်တွေလူတွေပြည့်စုံနေတယ်ဆိုရင် ဒုက္ခ ရောက်နေတဲ့ စစ်ဘေးရှောင်တွေ မိဘမဲ့
ဂေဟာတွေ ဘိုးဘွားရိပ်သာတွေ မှာကူညီဖို့ခေါ်ရင်ရော အခုလိုလာမှာလား ထောက်ပံ့မှာလား
လုပ်အားပေးမှာလား။
လွတ်လပ်စွာကွဲလွဲခွင့်ဆိုတာ နိုင်ငံရေးမှာရှိပါတယ် ။
ဘာသာရေးမှာတော့ သံဃာချင်းကွဲလို့မရပါဘူး ။သုတ်သုံးကျမ်း ၀ိနည်းငါးကျမ်း အဘိဓမ္မာ
ခုနှစ် ကျမ်း နဲ့ ဓမ္မခန္ဓာပေါင်းရှစ်သောင်းလေးထောင်ကို အတူတကွလိုက်နာရ သူများပါ။
သာသနာရေးဝန်ကြီးနုတ်ထွက်ပေးလို့ရရှိလာနိုင်တဲ့ကောင်းကျိုးရလာဒ်ကို တိတိကျကျ
ခိုင်ခိုင်မာမာ တည်တည်ကြည်ကြည် ဖေါ်ပြပေးကြပါဦး၊နောက်ပြီး ဘာသာခြားတွေကို
အလေးပေးတယ်ဆိုတာလေးကိုလည်း အလင်းပြကြပါဦး။
သာသနာရေးဝန်ကြီးသည် မည်သည့်နေရာ မည်သည့်ရာထူး မည်သည့်ဌာန တွင်မျှတာဝန်
မထမ်းဆောင်တော့သည့်တိုင် တပ်မတော် စစ်သမိုင်းပြတိုက် ရှိ သူရဘွဲ့ရရှိခဲ့သည့် စွမ်းရည်ဘွဲ့ရ
မော်ကွန်းကမ္ဗည်းတွင် တည်နေမည့်သူဖြစ်ပါသည်။
သာသနာရေးဝန်ကြီးနုတ်ထွက်ပေးပါက မြန်မာနိုင်ငံတော်၏သာသနာရေးကိစ္စရပ်များ ချက်ချင်း
ကွင်းခနဲလင်းခနဲ ထင်းခနဲ တိုးတက်ပြောင်းလည်းမည်ဆိုသည်ကို အတိအကျရှင်းလင်းပြောကြား
ပေးကြပါဦး။
အခုမြန်မာနိုင်ငံအနောက်တံခါးမှာ ရိုဟင်ဂျာအရေးပြင်းထန်နေတယ် မျိုးချစ်ဆိုသူများ
ယခုကဲ့သို့ကိုယ့်ထမင်းကိုယ်စား ကိုယ့်ယာဉ်ကိုယ်စီ စဉ်ပြီး ခိုးဝင်ရောမခိုးဝင်ရော လက်နက်ကိုင်ပြီး
ရခိုင်မြေကိုကျူးကျော် လာသူ များအား သွားရောက်ကာကွယ်ကြပါလော....။
သို့ဆိုလျှင် သင်တို့သည် အမိနိုင်ငံတော်အား ပြည်သူ့စစ်မဟာဗျူဟာဖြင့် ပြည်ပကျူးကျော်သူ
တို့ကိုတိုက်ထုတ်သည့် မျိုးချစ်များအဖြစ် လေးစားဂုဏ်ပြုနေပါမည်....။
မည်သည့်ပါတီဝင်မှမဟုတ်သလို အစွဲကင်းသည့် ကျနော့်အနေဖြင့် ထင်မြင်ယူဆချက်တစ်ခုကို
တင်ပြခြင်းဖြစ်ပါသည်။
Posted-Hlaing Myatt Soe.
*********
#Credit.သုတ သုတ
No comments: