Yllix

ရ​သေ့​တောင်​တွင်​ ကဏန်းရှာသွားသည့်​ ​မောင်​နှမ ၂ဦး ​ရေနစ်​​သေဆုံး

ရသေ့တောင်တွင် ကဏန်းရှာသွားသည့် မောင်နှမ ၂ ဦး ရေနစ်သေဆုံး
Sunday, May 21, 2017

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ နဂါးမောက်(အထက်ပိုင်း)ကျေးရွာ မေလ ၂၀ ရက်နေ့ ညနေ ၅ နာရီလောက်က မောင်နှစ်မ ၂ ယောက် ကဏန်း ရှာရင်သွားရာ ရေစီးကြောင်းနဲ့မျောပါပြီး ရေနစ်သေဆုံးမှုဖြစ်ပွား ခဲ့တယ်လို့ ရသေ့တောင်မြို့မ ရဲစခန်းကပြောပါတယ်။

နဂါးမောက်(အထက်ပိုင်း)ကျေးရွာနဲ့ မနီးမဝေးတဲ့ ပုစွန်မွေးမြူထားတဲ့ တာဘောင်တွေ ဆီကို သွားရောက်ကဏန်းရှာရင်း ရေစီးကြောင်းနဲ့မျော ပါပြီး ရေနစ်သေဆုံးသွားတာလို့ ရသေ့တောင်မြို့မ ရဲစခန်းကရဲအုပ်စံရွှေ က ဒီဗွီဘီကိုပြောပါတယ်။

“ရွာနဲ့မနီးမဝေးဘူး။ မောင်နှစ်မ နှစ်ဦး ကဏန်းသွားထောင်(ရှာ)တာ။ အဲဒီမှာ ရေစီးနဲ့ မျောပါသွားပြီးတော့ သေဆုံးသွားတာပါ။ မနေ့ညနေ ၅ နာရီပတ်ဝန်းကျင်လောက်ပါ။ အဲဒီမှာ ပုစွန်မွေးထားတဲ့ တာဘောင်တွေ ရှိတယ်။ အဲဒီမှာ ကဏန်းသွားရှာတာ။ မောင်နှစ်မနှစ်ယောက်လုံး တပြိုင်တည်း ရေနစ်ဆုံးတာပါ။ ဒီနေ့ မနက်ပိုင်းက ကျနော်တို့ ဆရာဝန်တွေရဲ့ ဆေးစာတွေ ရပါတယ်။”

သေဆုံးမောင်နှမ ၂ ဦးမှာ မမိုးမိုးသန်းအသက် ၁၁ နှစ်နဲ့ မောင်ကျော် မင်းထွန်းအသက် ၈ နှစ် နဂါးမောက် (အထက်ပိုင်း) ကျေးရွာကဖြစ်ပြီး သူတို့ ၂ ဦးကို ဒီကနေ့ အဲဒီရွာမှာ သဂြုင်္ိဟ်သွားမယ်လို့ ရဲအုပ်ကပြော ပါတယ်။

သူတို့နှစ်ဦးသေဆုံးမှုနဲ့ပတ်သတ်လို့ ရသေ့တောင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၇ နဲ့ အမှုဖွင့် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

သတင်း – ဝဏ္ဏခွာညို၊ ဓာတ်ပုံ – သိန်းဌေး
DVB


No comments:

Powered by Blogger.