ဟသာၤတအိမ္တအိမ္မွာ ယနေ့ထူးဆန်းတာဖြစ်နေ
ဟင်္သာတအိမ်တစ်အိမ် မှာ ယနေ့ ထူးဆန်းတာဖြစ်နေ
#ဟင်္သာတမြို့ က ကျွန်တော့ မိတ်ဆွေအိမ်မှာ(ပန်းပဲတန်းရပ် ဇောတိကလမ်း) ထူးခြားဖြစ်စဉ်တစ်ခု ဖြစ်ပေါ်နေပါတယ်
ဘာလဲဆိုတော့ ပေါ့ဆခြင်း လူတစ်ဦးတစ်ယောက်ရဲ့  နှောင့်ယှက်ဖျက်ဆီးခြင်း မဟုတ်ပါပဲ
မီး ထထလောင်နေသည်မှာ (၅) ကြိမ်ခန့် ရှိနေပါပြီ
သက်ဆိုင်ရာရပ်ကွက်အုပ်ချူ ပ်ရေးမှုး နှင့် ရဲစခန်း အပါအဝင် တာဝန်ရှိ
သူများထံ အကြောင်းကြားထားပြီးအပြင် သက်ဆိုင်ရာကလည်း လာရောက်စစ်ဆေးပြီးပါပြီ။ အဲ့ဒိကြားထဲကမှ အလိုလိုနေရင်း မီးလောင်
နေခြင်းမှာ သာမန်ဖြစ်စဉ်မဟုတ်ပဲ သဘာဝလွန်ဖြစ်ရပ်လား သိပ္ပံနယ်
လွန် ဖြစ်ရပ် လား အဘယ်သို့ သော ဖြစ်စဉ်ဆိုတာ အားလုံးစိတ်ဝင်စား
နေကြသလို အိမ်ရှင်များအနေနဲ့  ထိတ်လန့် တုန်လှုပ်နေကြပါတယ်။ဆရာတော်သံဃာတော်တို့ နှင့်
လည်း ရွတ်ဖတ် သရဇ္ဇာယ်ပြီးပေမယ့် မရသေးဘူးလို့ 
သိရပါတယ်။
ဤဖြစ်စဉ် ကြူံ ဖူးသူများ နားလည်တတ်ကျွမ်းသူများအနေဖြင့် အကြံများ
ပေးကြစေလိုပါတယ်။
ပရလောကရဲ့  နှောင့်ယှက်ဖျက်ဆီးနေခြင်းလားလို့ လဲ အားလုံးဝေခွဲမရ
ဖြစ်နေကြပါတယ်။အထက်ဆရာ ဘိုးတော်တစ်ချို့ နှင့်လည်း လုပ်ဆောင် ပြီးပါပြီ မရသေးပါ ကျွန်တော်ကိုယ်တိုင်သွား ရောက်လေ့
လာနေစဲမှာတင် သစ်သားမီးလောင်သည့် အနံ့ ထွက်လာလို့ အားလုံးသေသေခြာခြာ ရှာဖွေခဲ့ရပါသေးတယ်။ သာမာန်ဖြစ်စဉ်မဟုတ်တာ
တော့ သေခြာသလောက်ရှိပါတယ်။
ကျွန်တော်ဖော်ပြခဲ့သော အမည်မသိ မီးလောင်မှုရဲ့ နောက်ဆက်တွဲပါ
ယခုညပိုင်းတွင်မှ လှန်းထာသော ရေစို ထဘီမှ ၎င်း မျက်နှာကြက် မှ၎င်း မီးထလောင်ပြီး တစ်အိမ်လုံးလဲ ရေများရွှဲအောင် လောင်းထား
ရပါတယ် မီးသတ်ဌါန နှင့် သက်ဆိုင်ရာ လူကြီးတစ်ချို့  အပါအဝင်ရပ်ကွက်သူ ရပ်ကွက်သားများ ဝိုင်းဝန်းရောက်ရှိနေကြပါတယ်။
သတင်း...ကိုအောင်မျိုးတင့်ထံမှ ကူးယူဖေါ်ပြသည်။
D Zin Tun(hinthada)
Credit သတင်းထူးသတင်းဦး
No comments: