Yllix

မင်းဘူး ခရိုင်​ ငဖဲမြို့နယ်​ တွင်​ ခိုးဝင်​ဘင်္ဂာလီ ​မော်​လ၀ီ ဆရာတဦးအား ဖမ်းဆီရမိ

မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ခိုးဝင်ဘင်္ဂါလီ မော်လဝီဆရာတဦးအား ဖမ်းဆီးရမိ
------ ------ ------ ------ -----
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် တုံးကြီးကျေးရွာအနီးတွင် ခိုးဝင်ဘင်္ဂါလီ မော်လဝီ ဆရာတဦးအား မေ(၂၄)ရက်က ဖမ်းဆီးရမိကြောင်း ဂုတ်ကြီးနယ်မြေရဲစခန်းမှ သိရသည်။

ခိုးဝင်ဘင်္ဂါလီများအား သယ်ဆောင်လာမည်ဖြစ်ကြောင်းသတင်းအရ မင်းဘူး-အမ်းလမ်း မိုင်တိုင်အမှတ် (၅၇)မိုင် တုံးကြီးကျေးရွာအနီးတွင် စောင့်ဆိုင်းနေစဉ် အမ်းမြို့နယ်ဘက်မှ ငဖဲမြို့နယ်ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တစီးအားတားဆီးစဉ် ဆိုင်ကယ်ပေါ်မှ လူတဦးကိုချထားခဲ့ပြီး နောက်သို့ပြန်လှည့်ကာ မောင်းနှင်ထွက်ပြေးသွားကြောင်း၊ ဆိုင်ကယ်ပေါ်မှချထားခဲ့သူအား သွားရောက် စစ်ဆေးရာ ၄င်းမှာ ဘင်္ဂါလီလူမျိုး အနုဝါဟူစိန်ဖြစ်ကြောင်းသိရ၍ ဖမ်းဆီးခဲ့ကြောင်း ရဲအုပ်ကျော်မျိုးထံမှ သိရသည်။

အနုဝါဟူစိန်အား ဆက်လက်စစ်ဆေးရာ ၄င်းအား ဆိုင်ကယ်ဖြင့် သယ်ယူပို့ဆောင်ပေးသူမှာ မောင်ဘိန်း ဖြစ်ကြောင်း၊ ၎င်းမှာ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဆပ်ကျာကျေးရွာမှ မော်လ၀ီဆရာဖြစ်ကြောင်း၊ လူကုန်ကူးသမားမှ ငွေကျပ် (၉) သိန်းဖြင့် ရန်ကုန်မြို့သို့ပို့ဆောင်ပေးမည်ဟုပြောဆိုသဖြင့် ကြိုငွေ ကျပ်(၆)သိန်းပေး၍ လိုက်ပါလာခဲ့ကြောင်း အနုဝါဟူစိန်က ပြောသည်။

ဖမ်းဆီးရမိသူ အနုဝါဟူစိန် (၂၄)နှစ်အားလ.ဝ.က အက်ဥပဒေပုဒ်မ ၆(၂)/၆(၃)တို့ဖြင့် အရေးယူထားကြောင်း၊ ထွက်ပြေးတိမ်းရှောင် နေသူ မောင်ဘိန်းအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၃၆၇/၂၀၁၇ဖြင့် အမှုဖွင့်လှစ်ထားကြောင်း ငဖဲမြို့မ ရဲစခန်းမှ သိရသည်။

မျိုးလှိုင်ဝင်း(ငဖဲ)
#NewWatch
Credit


No comments:

Powered by Blogger.