Yllix

အင်္ဂပူမြို့နယ်​တွင်​ ​လေပြင်းတိုက်​မူ​ကြောင့်​ လူ​နေအိမ်​များပျက်​စီးဆုံးရှုံး

အင်္ဂပူမြို့နယ်တွင် လေပြင်းတိုက်မှုကြောင့် လူနေအိမ်များ ပျက်စီးဆုံးရှုံး
Monday, May 22, 2017

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်တွင်းမှာ မေ ၂၁ ရက်နေ့ နေလယ် ၃ နာရီ ကျော်က လေပြင်းတိုက်ခတ်လို့ နေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ကွင်းကောက်ကျေးရွာအုပ်စု၊ တလိုင်းကွင်းကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာအုပ်စု စတဲ့ ကျေးရွာ အုပ်စုပေါင်း ၁၁ ခုမှာ တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။

“ခုတိုက်ခတ်တဲ့ လေကြောင့် ဘုန်းတော်ကြီးကျောင်း ၃ ကျောင်း၊ စာသင်ကျောင်း ၂ ကျောင်း၊ ဝန်ထမ်းအိမ်ရာ ၁ ခု၊ လူနေအိမ် ၁၅၇ လုံး အမိုးလန်တာတွေဖြစ်ပေါ်ခဲ့ပါတယ်။ လုံး လုံးပြိုကျသွားတာတော့ ၁၀ လုံးကျော်လောက် ရှိမယ်၊ အဲဒီစာရင်းတွေ ညှိနှိုင်းပြုစုတာတွေ လုပ်ပြီး ခရိုင် လူကယ်ပြန်ကို တင်ပြဖို့ လုပ်နေပါတယ်” လို့ အင်္ဂပူထွေအုပ်ရုံးစာရေး ဦးထွန်းလင်းအောင်က ပြောပါတယ်။

ကွင်းကောက်နေ ကိုသားသားက “လေပြင်းတိုက်ခတ်တာတော့ ကျနော်တို့ ဒါ ပထမဆုံး ကြုံဖူးတာပါ။ ကျနော်တို့ အိမ်နောက်ဖေး မီးဖိုးချောင်းတခုလုံး လွှင့်ထွက်ပျက်စီးသွားပါတယ်။ တကယ်လို့ အစိုးရက ထောက်ပံ့ငွေပေးမယ်ဆိုရင်တော့ လိုချင်တာပေါ့” လို ပြောပါတယ်။

ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေကတော့ သိန်းပေါင်း ၁၀၀ ကျော်မှာဖြစ်ပြိး တန်းဖိုးငွေတွေ တခုခြင်း စိစစ်နေစဲဖြစ်တယ်လို့ အင်္ဂပူထွေအုပ်ရုံးက ပြောပါတယ်။

သတင်း – သန်းထိုက်မြင့်၊ ဓာတ်ပုံ – မန်းကျော်
DVB
Credit. Myanmar online news


No comments:

Powered by Blogger.